Sunday, May 28, 2023
HomeLead Storyဂန့်ဂေါမြို့နယ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က အရာရှိအပါအဝင် ၁၁ ဦး သေဆုံး

ဂန့်ဂေါမြို့နယ်တိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်က အရာရှိအပါအဝင် ၁၁ ဦး သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ နိုဝင်ဘာ ၂၁ ရက်က ပြည်သူ့ကာကွယ်ရေးညီနောင်မဟာမိတ် တပ်ဖွဲ့တွေနဲ  အကြမ်းဖက်စစ်ကောင်စီတပ်တွေတိုက်ပွဲ ဖြစ်ပွားရာ စစ်ကောင်စီဘက်က ဗိုလ်တစ်ယောက်အပါဝင် ၁၁ ယောက်သေဆုံးပြီးတော့ ၂၀ ကျော်အပြင်းထန် ဒဏ်ရာရရှိသွားတယ်လို့   YDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့နယ်၊ မင်းရွာရဲစခန်းကနေ၊ ဂန်ဂေါမြို့ဘက်ကို ထွက်လာတဲ့ စစ်ကောင်စီကား ၅ စီးကို မနေ့က နေ့လယ် ၁ နာရီလောက်က ခေါက်ခူရွာနားမှာ YDF အပါအဝင်ပူးပေါင်းတပ်ဖွဲ့တွေက မိုင်း ၁၂ လုံးခွဲပြီးတော့ တိုက်ခိုက်ခဲ့ရာ ဒုတိယကားနဲ့ တတိယကား ၂ စီးမိုင်းထိမှန်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က ဗိုလ်တယောက်အပါအဝင်  ၁၁ ယောက်သေဆုံးပြီးတော့ ၂၀ ကျော်လောက် အပြင်းထန် ဒဏ်ရာရရှိသွားတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲ ဖြစ်တဲ့နေရာကနေ ကပစထုတ် MA ကျည် ၄၀၀ ကျော်၊ ယူနီဖောင်း ၂ စုံ၊ကျည်ဘောက် ၂ ခု၊ ဘေးအိတ်တစ်စုံ၊ အပူတိုင်းစက်တစ်ခု ၊ တီရှပ်တစ်ထည်၊ ဖိနပ်တစ်ရံနဲ့ ဓာတ်ပုံတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

ဂန့်ဂေါနဲ့ ကလေးမြို့နယ် အစပ်ကမှာလည်း မနေ့က မနက်ပိုင်းမှာ YDF အပါဝင် ညီနောင်မဟာမိတ်တပ်ဖွဲ့တွေက ကျောက်ပြုတ်ရွာနားမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အများအပြားသေဆုံးခဲ့တယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular