Thursday, June 8, 2023
HomeLead Storyဗန်းမော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရ

ဗန်းမော်မြို့တွင် ရဲတပ်ဖွဲ့ဝင် ၁ ဦး ပစ်ခတ်ခံရ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ အထက ၁ နဲ့ အထက၂ ကျောင်းလမ်းဆုံအနီးမှာ နိုဝင်ဘာ ၂၂ရက် မနက် ၉ နာရီလေက်က ဆိုင်ကယ်မောင်းလာတဲ့ ရဲတယောက်ကို  ဆိုင်ကယ်စီးလူ ၂ ယောက်က ပစ်ခတ်ခဲ့ပါတယ်။

“သေနတ် ၇ ချက်လောက်ပစ်ဖောက်သွားတာ၊ အဲလမ်းဆုံက လူသွားလူလာများတယ်။ အဲဒီ ရဲတော်တော်ထိသွားတာ၊ သွေးတွေနဲ့၊ စစ်ကောင်စီနဲ့ ရဲတွေ လာတင်သွားကြတယ်။ အဲလမ်းဆုံက ကင်းတဲမှာ စစ်ကောင်စီနဲ့ ရဲတချို့ မကြာခဏလာစောင့်ကြတယ်”လို့ မြို့ခံတစ်ဦးကပြောပါတယ်။

ကျည်ဆန်ထိမှန်သွားတဲ့  ရဲတပ်ဖွဲ့ဝင်ရဲ့ ဒဏ်ရာ အခြေအနေကိုတော့ မသိရသေးဘဲ ရဲတွေနဲ့ စစ်တပ်က  မီးပွိုင့်တွေမှာ ဖြတ်သန်းသွာလာသူ မှန်သမျှကို စစ်ဆေးနေပါတယ်။

နိုဝင်ဘာလဆန်းပိုင်း ၁၄ ရက်နေ့ညပိုင်းကလည်း ဗန်းမော်မြို့ ရှိ ပရဟိတကန်နဲ့ စကခ ၂၁ ဂိတ်အနီး စစ်ကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဝင်တချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular