Sunday, June 11, 2023
HomeLead Storyကနေဒါတွင် စံချိန်တင်မိုးရွာသွန်းပြီး ရေဘေးကြုံတွေ့

ကနေဒါတွင် စံချိန်တင်မိုးရွာသွန်းပြီး ရေဘေးကြုံတွေ့

ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာပြည်နယ်မှာ စံချိန်တင် မိုးရွာအပြီး ဆိုးဆိုးဝါးဝါး ရေလွှမ်းနေလို့ ဒေသခံတွေ သဲအိတ်တွေ ပုံရင်း အမှိုက်သရိုက်တွေကို ရှင်းနေရပါတယ်။

ကနေဒါရဲ့အနောက်ဘက်စွန်း ပြည်နယ်မှာတော့ အရေးပေါ် အခြေအနေ ကြေညာထားရတာပါ။ လေထုမြစ်လို့ ခေါ်တဲ့ မိုးလေဝသဖြစ်စဉ်ကြောင့် ပုံမှန်အားဖြင့် တလအတွင်း ရွာလေ့ရှိတဲ့ မိုးရေချိန်ကို ၂ ရက်အတွင်း ရွာချခဲ့တာပါ။

မိုးရေတွေဟာ လမ်းတွေ မီးရထားလမ်းတွေကို တိုက်စားခဲ့ပြီး ဗန်ကူးဗားမြို့နဲ့ အောက်ပိုင်းပြည်မ ဒေသကို ကျန်တဲ့ တနိုင်ငံလုံးနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့ပါတယ်။ တချို့မြို့တွေနဲ့ ကူးသန်းသွားလာရေး လုံးဝ ပြတ်တောက်ခဲ့ပါတယ်။ လူသေဆုံးမှုတွေလည်းရှိခဲ့ပြီး ဒီကနေ့မှာ လူသေ အလောင်း ၃ လောင်း ရှာတွေ့ထားပါတယ်။ 

မနေ့က ဗြိတိသျှကိုလံဘီယာမြောက်ပိုင်းမှာ အလားအတူ မိုးလေဝသအခြေအနေ တခု  ထပ်ကြုံဖို့ ခန့်မှန်းထားပြီး ပြည်မအောက်ပိုင်းမှာလည်း မိုးကြီးမယ်လို့ ကနေဒါသဘာဝပတ်ဝန်းကျင်ဌာနက  ပြောပါတယ်။

ပြည်နယ်အတွင်း လောင်စာသယ်ယာဉ်တွေနဲ့ တခြား မရှိမဖြစ် မဟုတ်တဲ့ ခရီးသွားလာမှုတွေကို သောကြာနေ့က စပြီး ယာယီ ပိတ်ထားရပါတယ်။

အရင်အပတ် တနင်္ဂနွေနေ့က စတဲ့ မုန်တိုင်းတွေကြောင့် ထရန်စ်မောင်တိန် ရေနံပိုက်လိုင်းတွေကို ပိတ်ပစ်ခဲ့ရပြီး ကနေဒီယံ ပစိဖိတ် မီးရထားနဲ့ ကနေဒီယံ အမျိုးသား ရထားလမ်း ကုမ္ပဏီတို့ ပိုင်တဲ့ အရှေ့အနောက် ပြေးဆွဲတဲ့ အဓိက ရထားလိုင်း ၂ လိုင်းကိုလည်း ဖြတ်တောက်ခဲ့ပါတယ်။ 

ဒီရထားလမ်းတွေဟာ ကနေဒါရဲ့ အစည်ကားဆုံး ဆိပ်ကမ်းမြို့ ဗန်ကူးဗားနဲ့ ချိတ်ဆက်ထားတာမို့ လောင်စာနဲ့ ကုန်စည် ဖြန့်ဖြူးမှု အဟန့်အတား ဖြစ်ခဲ့ရပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular