Saturday, June 3, 2023
HomeLead Storyမော်လမြိုင်တွင် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မော်လမြိုင်တွင် အရပ်သားပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ နိုဝင်ဘာ ၂၁ ရက် ညပိုင်းက ဒေသခံ အရပ်သားပြည်သူ ၁၀ ယောက်ထက်မနည်းကို စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။ 

မနေ့ည ၁၀ နာရီလောက်မှာ  ဒေသခံပြည်သူကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ အမျိုးသားတစ်ဦး ဖမ်းဆီးခံရပြီးနောက် ဒေသခံ အရပ်သား ပြည်သူတွေ ဆက်တိုက် ဖမ်းဆီးခံလိုက်ရတာ ဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

စစ်ကောင်စီကတော့ အရပ်သားပြည်သူတွေကို ပေါက်ကွဲမှုတွေနဲ့ ဒလန်ရှင်းလင်းရေး လုပ်ငန်းစဉ်မှာ ပါဝင် ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့သူတွေဟာ မော်လမြိုင်မြို့ပေါ်ရပ်ကွက်တွေက လူငယ်တွေ ဖြစ်ပြီး၊ အသက် ၂၀ နဲ့ ၃၀ နှစ်အရွယ် ဝန်းကျင်ရှိတဲ့သူတွေ ဖြစ်ပါတယ်။

လတ်တလောဖမ်းဆီးခံထားရတဲ့သူတွေကို သက်ဆိုင်ရာ ရဲစခန်းတွေကဆင့် စစ်ကြောရေးတွေကို ပို့ဆောင်းထားတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ဒီကနေ့ နိုဝင်ဘာ ၂၂ ရက် မနက်ပိုင်းမှာလည်း မော်လမြိုင်မုပွန်တိုးချဲ့ရပ်ကွက်က နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၀၀ လောက်နဲ့ ဝင်ရောက်စီးနင်း ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular