Home
မြန်မာသတင်း
မအူပင်တွင် ပရဟိတအိမ်ရာအပါအဝင် နေအိမ် ၃ လုံး ချိပ်ပိတ်ခံရ
DVB
·
November 21, 2021
257579945_1227242501093424_7194493750170289366_n
259406667_1227242561093418_8870835952478702750_n
257441910_1227242644426743_8981917414745150591_n

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ နိုဝင်ဘာ ၂၀ ရက်နေ့က မြို့မှာ မရှိဆင်းရဲသားများ နေထိုင်ဖို့ စီစဉ်ပေးထားတဲ့ ပရဟိတအိမ်ရာအပါအဝင် နေအိမ် ၃ လုံးကို စစ်ကောင်စီက လိုက်လံ ချိပ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။ 

ပျိုးခင်းသစ် အရပ်ဘက်လူမှုအဖွဲ့အစည်းက ကိုထိုက်ထိုက်အောင် ပိုင်ဆိုင်တဲ့ နေအိမ်၊ ရုံးခန်း ဖွင့်လှစ်ထားတဲ့ နေအိမ်နဲ့ မရှိဆင်းရဲသားတွေ နေဖို့အတွက် စီစဉ်ပေးထားတဲ့ နေရာတွေကို အင်အားအပြည့်နဲ့ လာရောက်ချိပ်ပိတ်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ခုက လုပ်ချင်တိုင်း လုပ်နေကြတာ။ မြို့မှာက ခုဆို ဘာမှမဆိုင်တဲ့သူတွေပါ ထပ်ဒုက္ခရောက်ရတာပေါ့။ ပြည်သူတွေကို ဒုက္ခ မရောက်ရောက်အောင် တွန်းပို့နေသလို ဖြစ်နေတယ်။ ညတိုင်းလည်း သေနတ်တွေဖောက်ပြီး ပြည်သူတွေကို ကြောက်အောင် လုပ်နေတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

ပျိုးခင်းသစ်ဖောင်ဒေးရှင်းက နေအိမ်တွေနဲ့ ရုံးတွေကို ချိပ်ပိတ်ဖို့အတွက် တိုင်းမှူးခရီးစဉ်မှာ ခရိုင်အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌကို ညွှန်ကြားခဲ့တာလို့ ဆိုပါတယ်။

မအူပင်မြို့မှာ နိုဝင်ဘာလဆန်းပိုင်းကလည်း စီးပွားရေးလုပ်ငန်းရှင်များရဲ့ နေအိမ် ၃ လုံးကို စစ်ကောင်စီက ချိပ်ပိတ်ခဲ့ပြီး ခုအကြိမ်နဲ့ပါဆိုရင် ချိပ်ပိတ်ခံရတဲ့ နေအိမ်ပေါင်း ၆ လုံးထိ ရှိလာပြီ ဖြစ်တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024