Home
မြန်မာသတင်း
ကျိုက်နဲရေလယ်နတ်လမ်းတွင် ပင်လယ်ရေနှင့်မျောပါသွားသူ ၁၄ ဦးအလောင်း ဆယ်ယူရရှိ
DVB
·
November 21, 2021
259213546_197084382586334_4702138082046740776_n
258853021_197084655919640_8844326537313168586_n
258835607_197084609252978_916355559482683335_n
258406127_197084495919656_7522210232885381227_n

မွန်ပြည်နယ်  သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားပွဲ နတ်လမ်းမှာ နိုဝင်ဘာ ၂၁ ရက် မနက် ၇ နာရီလောက်က  ပင်လယ်ရေနဲ့ မျောပါသွားတဲ့ ၁၄ ဦးအလောင်း ဆယ်ယူရရှိပြီလို့  ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

ကျိုက်နဲရေလယ်ဘုရားဟာ ဒေသအခေါ် နတ်လမ်းပေါ်တဲ့အချိန် သွားရောက်ကြတာဖြစ်ပြီး ဒီနေ့ ထောင်နဲ့ချီ ဘုရားဖူးတွေက လှေပေါ်လုတက်ရာကနေ ရေထဲပြုတ်ကျပြီး ပင်လယ်ရေနဲ့မျောပါ သေဆုံးခဲ့ကြတာလို့ ဒေသခံတဦးက ပြောပါတယ်။

ပင်လယ်ရေနဲ့ မျောပါသွားတဲ့ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးတွေက ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

ရေနစ်သေဆုံးသူတွေထဲမှာ  သံဃာတော် ၁ ပါးအပါအဝင် အမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေလည်း ပါဝင်ပြီး အလောင်းတွေကို ကျုံကဒတ်မှ သံဖြူဇရပ်ဆေးရုံကို ကယ်ဆယ်ရေးသမားတွေက ပို့ဆောင်ပေးထားပါတယ်။

ဒါအပြင် ရေနစ်သေဆုံးတဲ့ ရုပ်အလောင်းတွေကို ဒေသခံတွေနဲ့ ကယ်ဆယ်ရေးတွေ ပူးပေါင်းရှာဖွေ ဆယ်ယူနေပြီး ရေနစ်သေဆုံးသူတွေနဲ့ပျောက်ဆုံးနေသူတွေ ဘယ်သူဆိုတာတော့ မသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲ ဖြစ်ပါတယ်။

ကျိုက်နဲရေလယ်ဘုရားကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော် ၂ ရက်နေ့ညမှ လပြည့်ကျော် ၃ ရက်နေ့ထိ ဘုရားပွဲကျင်းလေ့ရှိပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာရောက်ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024