Home
မြန်မာသတင်း
လယ်ဝေးမြို့နယ်လျှပ်စစ် (EPC) ရုံးတွင် ဗုံးပေါက်ကွဲ
DVB
·
November 21, 2021
259367413_1221551621672179_6643162237389610756_n

နေပြည်တော်နယ်မြေ လယ်ဝေးမြို့နယ်၊ မြို့နယ်လျှပ်စစ် (EPC) ရုံးမှာ နိုဝင်ဘာ ၂၀ ရက် နေ့ ည ၇ နာရီဝန်းကျင်က ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

အမည်မဖော်လိုတဲ့မြို့ခံတဦးက ''ရုံးဝန်းထဲမှပေါက်တာ။ ဘာတွေပျက်စီးလဲတော့ မသိသေးဘူး။ မီတာခတွေအတင်းဆောင်ခိုင်းနေတာ။ ကျနော်ကတော့ မဆောင်ဘူး။ ပြည့်သူတွေကလည်း မီးဖြတ်ခံရမှာကြောက်တော့ တချို့လူတွေက ဆောင်နေကြတယ်'' လို့ ပြောပါတယ်။

အဆိုပါ ဗုံးဖောက်ခွဲမှုကို ဗီးနစ်မြို့ပြပြောက်ကျားတပ်ဖွဲ့ကလက်ပစ်ဗုံးနဲ့ ဖောက်ခွဲခဲ့တာလို့ တာဝန်ခံဗိုလ်နှင်းမောင်က အတည်ပြုပြောပါတယ်။

ဗုံးပေါက်ကွဲမှုနဲ့ပယတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ လယ်ဝေးမြို့နယ်လျှပ်စစ်ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်းမရှိသလို စစ်သားတွေနဲ့ ရဲအများအပြား အဆိုပါရုံးဝန်းထဲရောက်ရှိနေတယ်လို့ အနီးအနားမှာရှိတဲ့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁ ရက်နေ့ကလည်း နေပြည်တော်၊ တပ်ကုန်းမြို့နယ်လျှပ်စစ်ရုံး (EPC) နဲ့ နိုဝင်ဘာ ၆ ရက်နေ့ကလည်း နေပြည်တော်နယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ချင်းရွာမှာရှိတဲ့ မြို့နယ်လျှပ်စစ် (EPC) ရုံးတွေမှာလည်း ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024