Home
မြန်မာသတင်း
ချမ်းမြသာစည်မြို့နယ်တွင် အကွက်မှူး ၁ ဦး ပစ်သတ်ခံရ
DVB
·
November 20, 2021
258008130_1932509663576571_2463309691890579006_n

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်မှာ နိုဝင်ဘာ ၂၀ ရက် ဒီနေ့ မနက် ၇  နာရီဝန်းကျင်က စစ်ကောင်စီလက်အောက်ခံ အကွက်မှူး အမျိုးသား ၁ ဦး    သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

သေဆုံးသူဟာ အသက် ၆၀  ဝန်းကျင်ရှိ ဦးလှဝေဆိုသူဖြစ်ပြီး ကန်သာယာရပ်ကွက် ဗ - ၄ အကွက်မှူးဖြစ်တယ်လို့ သိရပါတယ်။

အကွက်မှူး သေနတ်ပစ်ခံရလို့ ဖုန်းနဲ့အကူညီတောင်းခံတဲ့ အတွက်အ အခင်းဖြစ်နေရာသွားရောက်ကူညီပေးခဲ့ရာမှာ လူနာသေဆုံးနေပြီဖြစ်တာကြောင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ပေးပြီး အအေးတိုက်ကနေ နေအိမ်ကို ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့ က ထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးပိုင်းက  တာဝန်ရှိသူ အယောက်  ၂၀၀ လောက် အသတ်ခံရလို့ သေဆုံးခဲ့ပြီး ၁၅၀ လောက် ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024