Saturday, June 10, 2023
HomeCOVID19ကချင်ပြည်နယ်၌ ကိုဗစ်တတိယလှိုင်းကာလ သေဆုံးသူပေါင်း ၈၈၀ ကျော်ရှိလာ

ကချင်ပြည်နယ်၌ ကိုဗစ်တတိယလှိုင်းကာလ သေဆုံးသူပေါင်း ၈၈၀ ကျော်ရှိလာ

ကချင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်းစတင်ချိန်ကနေ  နိုဝင်ဘာ ၁၉ ရက် အထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူပေါင်း ၂၁,၀၀၀ ကျော်ရှိပြီး သေဆုံးသူပေါင်း  ၈၈၀ ကျော်ရှိပြီလို့    ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ကာကွယ်ရေးနှင့်  အရေးပေါ်တုံ့ ပြန်ရေးကော်မတီထံက သိရပါတယ်။

ကိုဗစ်-၁၉ ရောဂါ အများဆုံးကူးစက်ခံရတာဟာ မြစ်ကြီးနားခရိုင်နဲ့ ပူတာအိုခရိုင်မှာဖြစ်ပြီး  မြစ်ကြီးနားမြို့နယ်၊ ဗန်းမော်မြို့နယ်၊ မိုးကောင်းမြို့နယ်နဲ့ မိုးညှင်းမြို့နယ်တွေမှာ လူသေဆုံးမှု များပြားခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလအတွင်းမှာလည်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးချက်အရ ပိုးတွေ့ရှိသူ တစ်ရက်ကို လူဦးရေ အယောက် ၆၀ ထက်မနည်းရှိခဲ့ပြီး သေဆုံးသူဟာလည်း တစ်ရက်ကို သုံးယောက် ထက်မနည်းရှိတယ်လို့ ကချင်ပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီ တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံတနိုင်ငံလုံးမှာ‌တော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူပေါင်း ၁၉,၀၀၀ ထိ ရှိလာခဲ့ပြီလို့  စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၉ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular