ညောင်ရွှေတွင် CDM ကျောင်းအုပ်အပါအဝင် ၄ ဦးကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီး

ဓာတ်ပုံ- စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ငြိမ်း ချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြတဲ့ ညောင်ရွှေနယ်သားများ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ဆည်ခေါင်မူလတန်းကျောင်းက CDM ကျောင်းအုပ်ဆရာမအပါအဝင် ၄ ယောက်ကို နိုဝင်ဘာ ၁၉ ရက်နေ့မှာ စစ်ကောင်စီက အင်အားသုံး ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ‌ပြောပါတယ်။

"CDM ကျောင်းအုပ်အပါအဝင် လက်ထောက်ဆရာမတစ်ဦး၊ ကျောင်းကော်မတီဝင်အမျိုးသား နှစ်ဦးကို အမည်၊ ဓာတ်ပုံနဲ့တကွ နန်းပန်စျေးမှာ အင်အား ၁၀၀ လောက်နဲ့ စီးနင်းပြီး အကြမ်းဖက်ဖမ်းဆီးသွားတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အရပ်သားပြည်သူ၊ ကျောင်းသားလူငယ်၊ သတင်းမီဒီယာသမားတွေနဲ့ CDM ဝန်ထမ်းတချို့ကို စစ်ကောင်စီတပ်က အင်းအားသုံး ဖမ်းဆီးတာတွေ စဉ်ဆက်မပျက်ပြုလုပ်နေတယ်လို့ ‌နယ်မြေခံတွေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up