Home
အထွေထွေ
တပ်မတော်သား ကိုယ်စားလှယ် ၄ ဦး အစားထိုး၊ အမျိုးသမီး ၂ ဦးပါဝင်
DVB
·
January 13, 2014
IMG_2801
IMG_2780
IMG_2772
IMG_2702
1505182_575782282496592_1383526901_n

ပြည်သူ့လွှတ်တော်တပ်မတော်သား ကိုယ်စားလှယ် ၄ ဦးကို အစားထိုးပြောင်းလဲလိုက်ပြီး အမျိုးသမီး ၂ ဦး ပါဝင်ပါတယ်။

ဒီနေ့ ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် န၀မ ပုံမှန်အစည်းအဝေး ပထမနေ့ရက်မှာ အစားထိုး ပြောင်းလဲလိုက်တာ ဖြစ်ပြီး ကတိသစ္စာပြု လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဗိုလ်မှူးထွန်းထွန်းဝင်း (ကြည်း) အစား ဒုတိယဗိုလ်မှူးကြီး စိုးစိုးမြင့် (ကြည်း) ကို လည်းကောင်း၊ ဗိုလ်မှူး ကျော်ကျော်သက် (ကြည်း) အစား ဒုတိယဗိုလ်မှူးကြီး စန်းသီတာခင် (ကြည်း) ကို လည်းကောင်း၊ ဗိုလ်မှူးလေးနိုင် (ကြည်း)အစား ဗိုလ်မှူး ဆွေလေးမြင့် (ကြည်း)ကို လည်းကောင်း၊ ဗိုလ်မှူး ကျော်မင်းဇော် (ကြည်း)အစား ဗိုလ်မှူး တင့်လွင် (ကြည်း) တို့ကို အစားထိုး ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။

ဒီ တပ်မတော်သားကိုယ်စားလှယ် ၄ ဦးကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကိုယ်တိုင်က အမည်စာရင်း တင်သွင်းထားတာ ဖြစ်ပါတယ်။ [gallery ids="50151,50146,50154,50155,50156,50157"]
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024