Home
မြန်မာသတင်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ နေအိမ်တွင် ကူညီပေးနေသူကို သက်သေအဖြစ် တရားရုံး ဆင့်ခေါ်
DVB
·
November 19, 2021
256567689_4711651698892285_3013942800199069459_n

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လာဘ်ပေးခဲ့တယ်လို့စွပ်စွဲထားတဲ့အမှုမှာ  သက်သေအဖြစ် အတိုင်ပင်ခံရဲ့ အိမ်မှာ ကူညီလုပ်ဆောင်ပေးနေတဲ့  ဒေါ်ဝေဝေသန်းကိုပါ  သက်သေအဖြစ် ဆင့်ခေါ်ထားတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုက်အဝန်းက စုံစမ်းသိရပါတယ်။

အခုလို ဆင့်ခေါ်ထားပေမယ့် ဒီနေ့ရုံးထုတ်မှာ အမှုမစစ်နိုင်တဲ့အတွက် သင့်တော်အချိန်မှာ ဆင့်ခေါ်မယ်လို့ သိရပါတယ်။

ဒီကနေ့ နို၀င်ဘာ ၁၉ ရက်နေ့မှာ အဂတိမှုတွေအတွက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ ဦးရဲမင်းဦး၊ ဦးမင်းသူတို့ကို ဇမ္ဗူသီရိအထူးရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဥတ္တရသီရမြို့နယ်မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းအတွက် မြေ ၁၀၁ ဧကပေါ်မှာ ဂရန်ချပေးတဲ့အမှုအတွက် နေပြည်တော်စည်ပင်က အမြဲတမ်းအတွင်း၀န် ဦးမျိုးအောင်ကို သက်သေအဖြစ် ဒီနေ့ စစ်ဆေးခဲ့ပါတယ်။

ဒါအပြင် ပုဗ္ဗသီရိက မြေ ၂၉ ဧက အမှုကိုလည်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး တရားရုံးချုပ်မှာ စွဲဆိုထားတဲ့အမှုကိုလည်း ဇမ္ဗူသီရိအထူးရုံးမှာပဲ လွှဲပြောင်းလက်ခံလိုက်ပြီး ဒီဇင်ဘာလ ၃ ရက်မှာ စတင်စစ်ဆေးမယ်လို့ တရားရုံးနဲ့ နီးစပ်သူက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024