Sunday, June 11, 2023
HomeLead Storyရန်ကုန်ရှိ ကျူးကျော် ၄ သိန်းကျော်ကို စစ်ကောင်စီက အပြတ်ရှင်းထုတ်

ရန်ကုန်ရှိ ကျူးကျော် ၄ သိန်းကျော်ကို စစ်ကောင်စီက အပြတ်ရှင်းထုတ်

ရန်ကုန်မြို့က ကျူးကျော်မိသားစု ၄ သိန်းကျော်ကို စစ်ကောင်စီက ဆက်တိုက်ဖိအားပေး အဓမ္မ ဖယ်ရှားခိုင်းတာကြောင့်  ဆင်းရဲသားပြည်သူလူထုတွေ  နေရပ်စွန့်ခွာနေကြရပါတယ်။ 

ရန်ကုန်တမြို့လုံးမှာ လမ်းမကြီးတွေဘေး ကျူးကျော်နေထိုင်သူ မိသားစု ၄ သိန်းကျော်ရှိခဲ့ပြီး ပြီးခဲ့တဲ့အစိုးရလက်ထက်က ကျူးကျော်တွေ နေထိုင်ဖို့ အထောက်အထားစိစစ်ပြီး စမတ်ကတ်တွေနဲ့ တန်ဖိုးနည်း အိမ်ခန်းတွေမှာ နေထိုင်နိုင်ဖို့ စီစဉ်ထားတာပါ။ 

စစ်အာဏာသိမ်းပြီးနောက်မှာတော့ အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ လှိုင်သာယာခရီးစဉ်အပြီး   နိုဝင်ဘာလဆန်းပိုင်းမှာ ကျူးကျော်တွေကို ဖယ်ရှားဖို့ စစ်ကောင်စီက ဖိအားပေးခဲ့ပါတယ်။ 

ရန်ကုန်မြို့က ကျူးကျော်ရပ်ကွက်တွေမှာ နေထိုင်သူတွေဟာ အနီးအနားစက်မှုဇုန်တွေက စက်ရုံတွေမှာ အလုပ်လုပ်ကိုင်သူအများစုဖြစ်ကြပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း စက်ရုံတချို့ မီးရှို့ခံရတဲ့အပြင် စက်ရုံတွေပိတ်သိမ်းတာ၊ လုပ်သားလျှော့ချတာ၊ လုပ်ခလစာလျှော့တာတွေကြောင့် အလုပ်လက်မဲ့ဖြစ်ပြီး စားဝတ်နေရေးခက်ခဲခဲ့တယ်လို့ ကျူးကျော်တစ်ဦးက ပြောပါတယ်။

ကျူးကျော်တွေဟာ သွားစရာနေရာမရှိတဲ့အတွက် အစပိုင်းမှာ အိမ်တွေဖျက်ပြီး အနီးအနားမှာ ခိုကပ်နေထိုင်ခဲ့ပေမဲ့ စစ်တပ်က အကြိမ်ကြိမ်ဖိအားပေးတာကြောင့် နောက်ဆုံးမှာ နေရပ်စွန့်ခွာပြီး ထွက်သွားကြရပြီဖြစ်ပါတယ်။

ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်ကျူးကျော်တွေ နေထိုင်ခဲ့တဲ့နေရာမှာ အိမ်ဖျက်ထားတဲ့ အမှိုက်တွေ စုပုံပြီး နေထိုင်သူလုံးဝမရှိတော့ဘဲ တစပြင်လိုကျန်ရစ်ခဲ့ပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းနဲ့ သန်လျင်မြို့နယ်ထဲက ကျူးကျော်တွေကိုလည်း စစ်ကောင်စီက အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။

ရန်ကုန်မှာကျူးကျော်တွေကို ရှင်းလင်းနေသလို မန္တလေးမြို့မှာလည်း  ကျူးကျော်တွေကို ရှင်းလင်း နေပြီး စစ်အုပ်စုနဲ့အပေါင်းပါတွေက  ကျူးကျော်တွေထွက်သွားတဲ့ မြေနေရာတွေနဲ့ အရင်က မြေဂရမ် မရှိတဲ့ မြေတွေမှာ အမည်ပေါက် မြေကွက်တွေရအောင် လုပ်ဆောင်နေကြတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular