တန်မင်းဆက် တည်ခဲ့တဲ့ ရှေးဟောင်းမြို့ မီးလောင်

ဓာတ်ပုံ- ရိုက်တာ
တရုတ်အနောက်တောင်ပိုင်း တိဘက်ရှေးဟောင်းမြို့မှာ ဇန်န၀ါရီ ၁၁ ရက်က မီးလောင်ခဲ့လို့ မီးသတ်သမားတွေ ကြိုးစား ငြိမ်းသတ်ခဲ့ရတယ်လို့ အစိုးရမီဒီယာက အစီရင်ခံပါတယ်။ ကျုံးတျန့်လို့ လူသိများတဲ့ ရှန်ဂရီလာ မြို့ကြီးရဲ့ ဒူခဇောင် ဒေသအလယ်က သစ်သားအိမ်တွေ လောင်ကျွမ်းခဲ့တာပါ။ [caption id="attachment_50107" align="alignnone" width="300"]ဓာတ်ပုံ- ရိုက်တာ ဓာတ်ပုံ- ရိုက်တာ[/caption]အိမ်ခြေ တရာကျော် လောင်ကျွမ်းခဲ့လို့ အမေရိကန်ဒေါ်လာ ၁၆.၅ သန်းဖိုး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံ အာဏာပိုင်တွေက ခန့်မှန်းပါတယ်။ ခြောက်သွေ့တဲ့ ရာသီဥတုကြောင့် မီးက မြန်မြန် ကူးခဲ့တာလို့ ဆင်ဟွာသတင်းဌာနက အစီရင်ခံပါတယ်။ လူ ၁ ထောင်ကျော်က မီးလောင်ပြင်နားက အဆောက်အဦတွေရဲ့ အမိုးတွေကို ဆွဲချရင်း ရေသတ်ပိုက်တွေသုံးပြီး ငြိမ်းသတ်ခဲ့ရပါတယ်။ အသေအပျောက် အစီရင်ခံမှု မရှိဘဲ အာဏာပိုင်တွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားခဲ့တယ်လို့ ဆင်ဟွာက ရေးပါတယ်။ မနက်ခင်း အစောကြီးက လောင်ခဲ့တဲ့ မီးဟာ မွန်းလွဲပိုင်းလောက်မှာ ငြိမ်းသွားတယ်လို့ စီစီတီဗီ သတင်းဌာနက အစီရင်ခံပါတယ်။ ဒူခဇောင်မြို့ကို တန်မင်းဆက် လွန်ခဲ့တဲ့ နှစ်တထောင်ကျော်က စတည်ခဲ့တာလို့ ဆင်ဟွာက ပြောပါတယ်။ ပင်လယ်ရေပြင်အထက် မီတာ ၃ ထောင်လောက်မြင့်တဲ့ ကုန်းပြင်မြင့်ပေါ်က တောင်ပေါ်ရှုခင်းကြောင့် ကမ္ဘာလှည့်ခရီးသွားတွေနဲ့ ကျော်ကြားလာလို့ ဒီမြို့ကို ရှန်ဂရီလာလို့ လတ်တလောနှစ်တွေကမှ တရားဝင် နာမည်မှည့်ခေါ်ခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

//
More News
Up