Wednesday, May 31, 2023
HomeLead Storyသထုံခရိုင်တွင် ကေအန်ယူနှင့်တိုက်ပွဲဖြစ်ပြီး BGF ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ

သထုံခရိုင်တွင် ကေအန်ယူနှင့်တိုက်ပွဲဖြစ်ပြီး BGF ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ကေအန်ယူ ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်းမှာ  စစ်ကောင်စီတပ်လက်အောက်ခံ  BGF တပ်နဲ့ KNLA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားပြီး  BGF တပ်ဖွဲ့ဝင်၂ ဦးသေဆုံးကာ  ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ (၁) က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၅ ရက် မနက်  ၉ နာရီက ဘားအံမြို့နယ်၊ ဟတ္တလိုက် ကျေးနယ်အုပ်စု၊ ဖလံတောင်ကျေးရွာနဲ့ နို့အောလာကျေးရွာအကြားက မဲသနချောင်းအနီးမှာ BGF-၁၀၁၄ တပ်ရင်း ဗိုလ်တင်ဝင်းဦး၊ ဗိုလ်ကြာအေး၊ ဗိုလ်လားသစ်ပူးပေါင်းတပ်ဖွဲ့နဲ့ KNLA တပ်ရင်း ၁ တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

​​ကေအန်ယူ တပ်မဟာ ၁ တာဝန်ရှိသူ တစ်ဦးက “နယ်မြေကျော်ဝင်ရောက်လာလို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်။ တိုက်ပွဲအတွင်းမှာ BGF ၂ ဦးသေပြီး ၃ ဦးဒဏ်ရာရတယ်။ KNLA ဘက်က ထိခိုက်မှုမရှိဘူး။”လို့ ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ BGFတပ်ဖွဲ့ဝင်တွေက ဒေသခံတွေကို အတင်းအဓမ္မပေါ်တာဆွဲ ခိုင်းစေတာတွေအပြင် လူသားဒိုင်းအဖြစ် အသုံးချတာစတဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတယ်လို့လည်း  ကေအန်ယူဘက်က ပြောပါတယ်။

အတင်းအဓမ္မပေါ်တာအဖြစ် ခေါ်ဆောင်ခံရသူတွေကတော့  ဘားအံမြို့နယ်၊ ရေအေးကျေးရွာက အမျိုးသား ၅ ဦး၊ ဖလံတောင်ကျေးရွာက ၈ ဦး (ပြန်မလွတ်သေး)၊ နိ့အောလာကျေးရွာက ၁၀ ဦးတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

BGFပူးပေါင်း တပ်ဖွဲ့တွေဟာ လက်ရှိမှာ ဟတ္တလိုက်ကျေးနယ်အုပ်စုအတွင်းက ဖလံတောင်ကျေးရွာနဲ့ ရေအေးကျေးရွာတွေမှာ တပ်စွဲစခန်းချထားပါတယ်။

နိုဝင်ဘာ ၁၄ ရက်ကလည်း  BGF-၁၀၁၄ တပ်ဖွဲ့တွေနဲ့ ကေအန်ယူ တပ်မဟာ ၁ ၊ တပ်ရင်း ၁ တို့  ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။

အောက်တိုဘာ ၁၅ ရက်က နို့အောလာကျေးရွာကနေ ရေအေးကျေးရွာကိုသွားတဲ့ ဒေသခံရွာသား တဦးပိုင်တဲ့  PROBOX ယာဥ် ၁ စီးကို BGF တပ်ဖွဲ့ဝင်တွေက အဓမ္မယူဆောင်သွားခဲ့တယ်လို့ ကေအန်ယူ တပ်မဟာ ၁ က သတင်းထုတ်ပြန်ထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular