Sunday, May 28, 2023
HomeLead Storyမြစ်ကြီးနားမြို့ပေါ်တွင် ဗုံးပေါက်ကွဲ ပစ်ခတ်မှုများဖြစ်ပွား

မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးပေါက်ကွဲ ပစ်ခတ်မှုများဖြစ်ပွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်တချို့မှာ နိုဝင်ဘာ ၁၆ ရက် ည ၉ နာရီအချိန်လောက်က ဗုံးပေါက်ကွဲသံနဲ့ သေနတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေက သိရပါတယ်။

“ဗုံးပေါက်သံတွေ အရင်ကြားရတယ်။ အဲ့နောက်တော့ သေနတ်သံ ဆက်တိုက်ကြားရတာ။ မြို့နယ် စည်ပင်ရုံးနားမှာလည်း တစ်လုံးပေါက်တယ်ကြားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

ခေမာသီရိရပ်ကွက်က အမှတ်(၂) ရဲစခန်းဘက်ကလည်း သေနတ်ပစ်ခတ်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ 

“ခေမာသီရိ ရဲစခန်းက ၁၀ချက်လောက် ရှိတယ်၊ ဆက်တိုက်ဆိုသလို ပစ်တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ခေမာသီရိရပ်ကွက်နဲ့ တပ်ကုန်းရပ်ကွက်တွေမှာ ဗုံးပေါက်ကွဲသံနဲ့ သေနတ်သံတွေ ကြားရတယ်လို့ သိရပါတယ်။ ည ၇ နာရီ လောက်ကလည်း စီတာပူရပ်ကွက်က မြစ်ကြီးနားတက္ကသိုလ်ကျောင်းဂိတ်ရှေ့မှာ ဗုံးတစ်လုံးပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သက်ပြီး လူတွေ ထိခိုက်ဒဏ်ရာရမှု အခြေအနေကတော့ မသိရသေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular