အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ချင်းပြည်နယ်၊ တီးတိန်မြို့နယ်မှာ မီးနေသည် အမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်တဲ့ဖြစ်စဉ်အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ မင်းတပ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၁ ရက် ညက တီးတိန်မြို့နယ် အပ်လွယ်ရွာမှာ နေထိုင်တဲ့ မီးနေသည် အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်သားတွေက အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီး နေအိမ်က အဖိုးတန် လက်ဝတ်ရတနာတွေကိုလည်း ယူသွားခဲ့တယ်လို့ ဆိုပါတယ်။
အမျိုးသမီးရဲ့ ခင်ပွန်းကိုတော့ အဲဒီအချိန်မှာ ဝပ်ခိုင်းထားပြီး ရိုက်နှက်ကန်ကျောက် အနိုင်ကျင့်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။
ဒါဟာ တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ အမျိုးသမီးတွေရဲ့ လုံခြုံရေး အရှက်တရားနဲ့ အသက်၊ အခွင့်အရေးတို့ကို ချိုးဖောက်တာဖြစ်ပြီး ချင်းတမျိုးသားလုံးနဲ့ မြန်မာပြည်သူတွေကို စော်ကားတာပဲ ဖြစ်တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
အဓမ္မမှု ကျူးလွန်သူနဲ့ ကျူးလွန်မှုအတွက် တာဝန်ရှိသူအားလုံး အနေနဲ့ ဒီဖြစ်စဉ်အတွက် တာဝန်ယူရမှာဖြစ်ပြီး မင်းတပ်လူထုနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့လည်း ထုတ်ပြန်ပါတယ်။