ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ အမှတ် (၉၅၉) အင်ဂျင်နီယာတပ်ရင်းရှေ့မှာရှိ ယာဉ်ထိန်းရဲ တပ်ဖွဲ့ရုံးမှာ နိုဝင်ဘာ ၁၄ ရက်နေ့ မနက် ၅ နာရီကျော်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။
“မနက်ပိုင်းက ပေါက်ကွဲမှု ဖြစ်သွားတယ်။ ပေါက်ကွဲမှုဖြစ်ပြီးတော့ စစ်ဆေးတာ တချို့လုပ်နေတယ်” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဒေသခံပြည်သူလူထုတွေနဲ့ စုစည်းထားတဲ့ People Security and Defense LSO Army (PSD-Army) LSO က သတိပေးအနေနဲ့ ဆောင်ရွက်တာလို့ သိရပါတယ်။
လားရှိုးမြို့မှာ စစ်အာဏာသိမ်းတာကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့ ရဟန်ရှင်လူကျောင်း သားပြည်သူတွေကို စစ်ကောင်စီတပ်က စစ်အင်အား အလုံးအရင်းသုံးကာ ပစ်ခတ်ဖြိုခွင်း သတ်ဖြတ်ပြီးနောက်ပိုင်း ပြည်သူ့ခုခံကာကွယ်ရေးတပ်တွေဖွဲ့စည်းကာ စစ်အာဏာရှင်တွေကို ဆက်လက်ဆန့်ကျင်တိုက်ပွဲဝင်နေကြတာလည်းဖြစ်ပါတယ်။