Home
မြန်မာသတင်း
ခင်ဦးမြို့ သဲကုန်းကြီးရွာကို စစ်ကောင်စီတပ်က မီးရှို့၊ ပရဟိတအလှူခံပုံးထဲက ငွေများဖောက်ယူ
DVB
·
November 14, 2021
257623465_569345574141638_5688012203644709911_n
257573522_569345500808312_7487943843444351532_n
257529313_569345537474975_8357936678011856304_n
257479132_569345667474962_7517239111413218721_n
257357830_569345604141635_7304423509284413811_n
257353204_569345427474986_3441375509280294007_n
257268139_569345460808316_8443963919511726670_n

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သဲကုန်းကြီးကျေးရွာနဲ့ အောင်သာကျေးရွာကို စစ်ကောင်စီတပ်က ဒီနေ့မွန်းတည့် ၁၂ နာရီဝန်းကျင်က ဝင်ရောက်ပြီး နေအိမ်အချို့ကို မီးရှို့ကာ ပရဟိတ အလှူခံပုံးထဲတွေ ငွေတွေ ဖောက်ယူသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ဒီကောင်တွေ ကျနော်တို့ သဲကုန်းကြီးရွာနဲ့အောင်သာကျေးရွာကိုဝင်ရောက်လာမွှေတယ်ဗျ။ ဘယ်လက်နက်ကိုင်မှ ကျနော်တို့ရွာတွေမှာ မရှိဘူး။ သူတို့လာရင် သူတိုကို ဘယ်သူမှမယုံဘူး။ ရွာထဲဝင်လာရင် သေနတ်တွေ ဖောက်ဝင်လာတယ်၊ ဓားပြတွေကျနေတာပဲ။ ဒီကောင်တွေက ရွာထဲရှိတဲ့သူတောင် မနေရဲအောင် ခြောက်ထုတ်၊ ပစ်ထုတ်တာလုပ်ဆောင်ခဲ့တာ။ ဒီနေ့ဆိုရင် အောင်သာကျေးရွာက ပရဟိတအလှူခံပုံး ဖျက်ယူတာတွေလုပ်ခဲ့တယ်ဗျ။” လို့ ပြောပါတယ်။

ဒါ့အပြင်  ဈေးဆိုင်က ဈေးပစ္စည်းတွေ၊ ငွေတွေ အကုန်ယူသွား ကြပြီး ရွာက နေအိမ်တွေကိုလည်း မီးရှို့နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေကြရတယ်လို့ ဆိုပါတယ်။

“အခုလည်း ကျနော်တို့ရွာကို မီးရှို့နေတယ်။ ဘယ်နှလုံးလောင်မယ်တော့ မသိရသေးဘူးဗျ။ အဝေးကနေပဲ ကြည့်နေရတယ်။ အတိကျတော့ မိရသေးဘူး။”

သဲတောင်ကြီးကျေးရွာဟာ မီရိုးဖလာ တောင်သူလုပ်ငန်းလုပ်ကိုင်နေတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပြီး အိမ်ခြေ ၅၀၀ လောက်ရှိတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024