Sunday, May 28, 2023
HomeLead Storyမန္တလေးမြို့ ကျောက်သပိတ်ရဲကင်းစခန်း မီးပုလင်းဖြင့် ပစ်ခံရ

မန္တလေးမြို့ ကျောက်သပိတ်ရဲကင်းစခန်း မီးပုလင်းဖြင့် ပစ်ခံရ

မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၁၉ လမ်း၊ ၈၉ လမ်းနဲ့ လမ်း ၉၀ ကြားရှိ ကျောက်သပိတ်ရဲကင်းစခန်း နိုဝင်ဘာ ၁၃ ရက် ည ၇ နာရီဝန်းကျင်အချိန်က လက်လုပ်ဗုံး မီးပုလင်းနဲ့ ပစ်ခံရပါတယ်။

ရဲစခန်း နောက်ကျောဘက်ကနေ အမည်မသိ လူငယ် နှစ်ဦးက ဆိုင်ကယ်နဲ့ လာရောက်ပစ်တာ ဖြစ်ပြီး ရဲကင်းအတွင်းရှိ အိပ်ဆောင် အနည်းငယ် မီးစွဲလောင်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၁၃ ရက်နေ့ကလည်း ကျောက်သပိတ်ရဲကင်းစခန်း လက်လုပ်ဗုံးနဲ့ ပစ်ခံခဲ့ရပြီး အနီးပတ်ဝန်းကျင်ရှိ အမျိုးသမီး ၂ ဦး အနည်းငယ် ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular