Home
သတင်းဓာတ်ပုံ
နတ်မောက် မြို့မဈေးကြီး မီးလောင်
DVB
·
November 13, 2021
256599210_1216959032131438_1913842613561871311_n
6
5
4
3
1

မကွေးတိုင်း၊ နတ်မောက်မြို့ရှိ မြို့မစျေးမှာ နိုဝင်ဘာ ၁၃ ရက် ဒီနေ့ ည ၉ နာရီခွဲဝန်းကျင်ကစလို့ မီးလောင်မှုဖြစ်ပွားနေပါတယ်။

နတ်မောက် ဒေသခံတဦးက ''လောင်တုန်းပဲ။ မနိုင်သေးဘူးမီးက အရမ်းများတယ်။ စျေးကြီးတော့ကုန်ပါပြီ'' လို့ ပြောပါတယ်။

မီးငြှိမ်းဖို့သွားတဲ့ ပြည်သူလူထုကို စစ်ကောင်စီတပ်တွေက မီးငြှိမ်းခွင့်မ‌ပေးဘဲ သေနတ်နဲ့ အဆက်မပြတ် ပစ်ဖောက်နေတယ်လို့လည်း ဒေသ‌ခံတွေက ပြောပါတယ်။

နတ်မောက်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၄ စီး၊ မြို့သစ်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး၊ တောင်တွင်းကြီးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ် ၂ စီး ထွက်ခွာငြှိမ်းသတ်နေတယ်လို့ နတ်မောက် မြို့နယ်မီးသတ်စခန်းက သိရပါတယ်။

မကွေးတိုင်း၊ နတ်မောက်မြို့၊ ဈေးရပ်ကွက်ရှိ မြို့မဈေးကြီး မီးလောင်မှုကို မီးငြှိမ်းသတ်ခဲ့ရာမှာ ဒီကနေ့ ည ၁၁ နာရီ ၁၅ မိနစ်မှာ မီထိန်းနိုင်သွားပြီလို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

နတ်မောက် မြို့မဈေးကြီးမှာ ဒီကနေ့ နိုဝင်ဘာ ၁၃ ရက်ည ၉ နာရီ ၄၃ မိနစ်က စတင်မီးလောင်ခဲ့တာဖြစ်ပြီး ဆိုင်ခန်းတွေအတော်များများမီးထဲပါသွားခဲ့ပါတယ်။ မီးစတင်လောင်ရခြင်းအကြောင်းရင်းနဲ့ မီးလောင်ဆုံးရှုံးမှု တန်ဖိုးပမာဏကို တော့ လတ်တလောမသိရသေးပါဘူး။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024