Monday, May 29, 2023
HomeLead Storyကမာရွတ်က ကွန်ဒိုတိုက်ခန်းများကို စစ်ကောင်စီက မီးဖြတ်ပြီး အဓမ္မ မီတာခကောက်

ကမာရွတ်က ကွန်ဒိုတိုက်ခန်းများကို စစ်ကောင်စီက မီးဖြတ်ပြီး အဓမ္မ မီတာခကောက်

ကမာရွတ်မြို့နယ်၊ အမှတ် ၄ ရပ်ကွက်က ဘုရင့်နောင်တာဝါနဲ့ အမှတ်  ၈ ရပ်ကွက်က Diamond ကွန်ဒိုတို့မှာ နိုဝင်ဘာ ၁၂ ရက် မနက် ၁၀ နာရီလောက်မှာ  စစ်ကောင်စီ လူကြီးတချို့နဲ့ EPCဝန်ထမ်းတွေက လာရောက် မီးဖြတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမှတ် ၄ ရပ်ကွက်က  ဘုရင့်နောင်တာဝါကို   လူ ၁၀ ယောက်လောက်က လာရောက်ပြီး မီတာမပေးဆောင်ရသေးတဲ့ အခန်း ၇၀ ကျော်ကို မီးဖြတ်ချခဲ့​တာလို့ ဆိုပါတယ်။

” မီတာမဆောင်တဲ့အခန်းတွေချည်း ရွေးဖြတ်သွားတယ်။ အိမ် ၈၀  ကဆောင်ထားပြီးသားတဲ့။ ၇ လပိုင်းစာ အထိ မီတာဆောင်မှ မီးပြန်ပေးမယ် ​ပြောတယ်။ Online paymentနဲ့ဖြစ်ဖြစ် မီတာရုံးသွားပြီးဖြစ်ဖြစ် ဘေလ်ဆောင်ပြီးရင် တိုက်သာယာ​ရေးရုံးကို ​ပြောတဲ့။ ပြန်တပ်​ပေးမယ် ​ပြောတယ်။ ရုတ်တရက်ဆို​တော့ ဘာလုပ်ရမှန်းမသိဘူး။ ဒီချိန်ထိ ​တောင့်ခံလာခဲ့တာ ” လို့  ဒေသခံပြည်သူတစ်ဦးက ပြောပါတယ်။

” အခန်း ၇၀ ကျော်ကို မိန်းချရုံပဲ ဖြတ်ခဲ့တာပါ။  ပြန်ဖွင့်လို့ရပေမယ့် မိရင်အဖမ်းခံရမယ်လို့ ခြိမ်းခြောက်သွားတယ်။ ပေးရမယ့်မီတာခများတဲ့ အိမ်ကိုတော့ ကြိုးဖြတ်တာတွေ့တယ် “လို့ လည်း ဆိုပါတယ်။

   အလားတူ ၈ ရပ်ကွက်က Diamond ကွန်ဒိုကိုလည်း EPCဝန်ထမ်း ၁၀ ယောက်လောက်  လာရောက်ပြီး မီတာလာမဆောင်ပါက မီးမပေးဘူးလို့ ပြောသွား​တယ်လို့ဆိုပါတယ်။

   “အရပ်ဝတ်တွေနဲ့ လာတာ။ မီတာမဆောင်ရင် မီးမရဘူးလို့ပြောတယ်။ Fuse လည်း ယူသွားကြတယ်။ မီးဖြတ်ဖြတ်ချင်း ပေးဆောင်ကြတဲ့ လူတွေလည်းရှိတယ်။ တစ်ခန်းကို အနည်းဆုံး ၄-၅-၆ သိန်းဝန်းကျင် လောက်ကျကြတယ်။ မဆောင်ချင်တာ ငွေပေးရမှာကြောက်လို့ မဟုတ်ဘူး အခုလိုအချိန်မှာ ဘယ်လိုနည်းနဲ့မှ အာဏာရှင်လက်ထဲ သေနတ်ဖိုးတွေ မထည့်နိုင်ဘူး” လို့ ကွန်ဒိုမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရွှေထီး ၁ ၊ရွှေထီး ၂ နဲ့ ထူးကွန်ဒို တို့မှာလည်း  မီတာစစ်ဆေးမှုတွေပြုလုပ်ပြီး  မီတာခပေးဖို့ ကျန်နေတဲ့ ငွေပမာဏများတဲ့  နေအိမ်တွေကို မီတာဖြတ်သွားတယ်လို့ သိရပါတယ်။

အလားတူ ဘုရင့်နောင်လမ်းမက ရွှေ (၅) ရွှေ အိမ်ရာ၊ Hi-Way Complex အိမ်ရာတွေကိုပါ မီတာခ ကောက်ခံနေပြီး မီးဖြတ်တောက်ခြင်းတော့ မရှိသေးဘူးလို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular