ဆဒုံးဒေသက ဇိုင်ဝါးလူမျိုးတွေရဲ့ ကောက်သစ်စားပွဲ (ဓာတ်ပုံ)
DVB
·
November 12, 2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့အနီးက ဇိုင်ဝါးလူမျိုးတွေ အများဆုံးနေထိုင်တဲ့ ဆဂါပါရွာမှာ ၁၄ နှစ်မြောက်ကောက်သစ်စားပွဲကို နိုဝင်ဘာ ၁၁ ရက်ကနေ ၁၂ ရက်အထိ ကျင်းပနေပါတယ်
ကောက်သစ်စားပွဲမှဦ ရွာသူရွာသားတွေဟာ အိမ်ကနေယူလာတဲ့ အသီးအနှံတွေကို ပူဇော်ပသဆုတောင်းခဲ့ကြပြီး ရှေးအဘိုးအဘွားတွေရဲ့ ရိုးရာနွားယစ်ပူဇော်စင်၊ ရိုးရာကြက်ယစ်ပူဇော်စင်တွေနဲ့ ယစ်ပူဇော်ခဲ့ကြပါတယ်။ ဒါ့အပြင် ရိုးရာမောင်းတီးတာ၊ ထောင်ကာအကပြိုင်ပွဲ အစီအစဥ်တွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။