Monday, May 29, 2023
HomeLead Storyပုဂ္ဂလိကပိုင်ပစ္စည်းသိမ်းယူနိုင်သည့်ဥပဒေကို ဘိုလီးဗီးယားနိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြ

ပုဂ္ဂလိကပိုင်ပစ္စည်းသိမ်းယူနိုင်သည့်ဥပဒေကို ဘိုလီးဗီးယားနိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြ

ဘိုလီးဗီးယားနိုင်ငံမှာ တရားမ၀င် အမြတ်အစွန်းတွေနဲ့ အကြမ်းဖက်ငွေကြေးထောက်ပံ့မှုတို့ကို ဆန့်ကျင်တဲ့ ဥပဒေတစ်ရပ်ပြဋ္ဌာန်းလိုက်တဲ့ အပေါ် နိုင်ငံတဝန်း ဆန္ဒပြမှုတွေ နိုဝင်ဘာ ၁၁ ရက်က ၄ ရက်မြောက်အဖြစ် ဆက်လက်ဖြစ်ပွားနေပါတယ်။

ဒီဥပဒေဟာ ပုဂ္ဂလိကပိုင် ပစ္စည်းတွေကို သိမ်းယူဖို့ အစိုးရရဲ့လှည့်စားမှုတရပ်လို့ ဆန္ဒပြသူတွေက ဝေဖန်နေကြတာဖြစ်ပါတယ်။ 

ပိုတိုစီမြို့တော်မှာ မိုင်းတွင်းအလုပ်သမားသမဂ္ဂတွေဟာ လုပ်ငန်းခွင်အဆင်တန်ဆာဝတ်စုံပြည့်နဲ့ ဆန္ဒပြပွဲကို ချီတက်ဆင်နွှဲခဲ့ကြပြီး အနီရောင်နဲ့ အဖြူရောင်အလံတွေကို ဝှေ့ယမ်းပြီးတော့ အဆိုပါ ဥပဒေ အမှတ်  ၁၃၈၆ ကို ဖျက်သိမ်းဖို့ တောင်းဆိုနေကြတာပါ။ 

ဒီကိစ္စနဲ့ပတ်သက်လို့ သမ္မတ လူဝီအာစီအနေနဲ့ ချက်ချင်းဖြေရှင်းပေးဖို့နဲ့ ပြည်သူအားလုံးရဲ့စကားကို နားထောင်ပြီး အုပ်ချုပ်ဖို့ တောင်းဆိုလိုက်ကြောင်း ပိုတိုစီ သတ္တုတွင်း သမဝါယမ ဖက်ဒရေးရှင်းရဲ့ဥက္ကဋ္ဌ အက်ဂါဟယ်လ်ပါက ပြောပါတယ်။ 

နိုင်ငံရဲ့သယ်ယူပို့ဆောင်ရေးနဲ့ လက်လီရောင်းချရေးသမဂ္ဂများမှ နိုဝင်ဘာ ၈ ရက်မှာစတင်ပြီး ရက်အကန့်အသတ်မရှိ သပိတ်မှောက်ခဲ့ကြပါတယ်။ 

ဒီသပိတ်ကို အတိုက်အခံ အရပ်ဘက်နဲ့နိုင်ငံရေးအဖွဲ့တွေလည်း ပါဝင်ခဲ့ကြပြီး သမ္မတရဲ့ ဆိုရှယ်လစ်အစိုးရဟာ အာဏာကို ဗဟိုချုပ်ကိုင်မှုလုပ်ထားပြီး သဘောထားကွဲလွဲသူတွေကို နှိမ်နင်းဖို့ ဥပဒေနဲ့ တရားစီရင်ရေးစနစ်ကို ကျင့်သုံးနေတယ်လို့ စွပ်စွဲကြပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular