Home
မြန်မာသတင်း
တနင်္သာရီတိုင်း ဝန်ကြီးချုပ် အလုပ်နှင့် ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်ခံရ
DVB
·
November 11, 2021
256049712_1742961142701480_3157319193585307250_n

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက အလုပ်နဲ့ ထောင်ဒဏ် ၁၁ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတွေက DVB ကို အတည်ပြုပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ကို နိုဝင်ဘာ ၁၁ ရက်နေ့က ထားဝယ်အကျဉ်းထောင်ထဲ အထူးတရားရုံးမှာ အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ကို စစ်ကောင်စီက ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(ခ) နဲ့ ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့တာပါ။

ဒါ့အပြင် တာဝန်ယူစဉ် ကာလအတွင်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတွေကို စနစ်တကျ သုံးစွဲတာ မရှိလို့ ဆိုပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ နဲ့ ထောင်ဒဏ် ၇ နှစ် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအမိန့်နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်ဘက်က အယူခံဝင်ဖို့ ရှိ မရှိကို မသိရသေးဘူလို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ဝန်ကြီးချုပ် ဦးမြင့်မောင်ဟာ စစ်တပ် အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီးနောက် ဝန်ကြီးများ အိမ်ရာမှာ နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံခဲ့ရပါတယ်။

အဲဒီနောက်မှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ စစ်ကောင်စီက လာရောက်ဖမ်ဆီးသွားပြီး ပုဒ်မ ၃ ခုနဲ့ အမှုဖွင့် အရေးယူခံလိုက်ရတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024