Sunday, June 11, 2023
HomeLead Storyတီဂရေးသူပုန်အဖွဲ့အား ထောက်ပံ့မှု သံသယရှိသူများကို အီသီယိုးပီးယားက နှိမ်နင်း

တီဂရေးသူပုန်အဖွဲ့အား ထောက်ပံ့မှု သံသယရှိသူများကို အီသီယိုးပီးယားက နှိမ်နင်း

အီသီယိုပီးယား အာဏာပိုင်တွေဟာ နိုင်ငံမြောက်ပိုင်းက တီဂရေးသူပုန်တပ်တွေကို ထောက်ပံ့သူလို့ သံသယ ရှိတဲ့လူတွေကို အကြီးအကျယ် နှိမ်နင်းနေပါတယ်။

ဘဏ်အမှုဆောင် အရာရှိချုပ်ကနေ ကုလသမဂ္ဂဝန်ထမ်းတွေအပါအဝင် ခရစ်ယာန် ဘုန်းတော်ကြီး တွေထိ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ထိန်းသိမ်းခံတွေနဲ့ ပတ်သက်သူတွေကို ကိုးကားပြီး နိုဝင်ဘာ ၁၀ ရက်နေ့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။

တီဂရေးတိုင်းရင်းသားအုပ်စုကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ စွဲချက်ကို ရဲတပ်ဖွဲ့က ငြင်းပါတယ်။

ဖမ်းဆီးခံတွေဟာ တီဂရေး ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (TPLF) နဲ့ ပတ်သက်သူတွေလို့ ယုံကြည်ရကြောင်းလည်း သူတို့က ပြောပါတယ်။

TPLF ဟာ အီသီယိုပီးယား ဗဟိုအစိုးရကို တိုက်နေတာ တနှစ်လောက် ရှိပြီဖြစ်သလို စစ်ပွဲကြောင့် လူထောင်ချီ သေဆုံးပြီး လူ ၂ သန်းကျော် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရတာပါ။

ထောင်သောင်းချီတဲ့ လူတွေ အငတ်ဘေးဆိုက်ခဲ့ရပြီး အိမ်နီးချင်း အီရီထရီးယားနိုင်ငံက တပ်တွေကိုပါ စစ်ကူခေါ်ခဲ့ရပါတယ်။

တိုက်ပွဲတွေဟာ အိမ်နီးချင်း အာဖှာနဲ့ အမ်ဟာရာ ဒေသတွေကိုပါ ကူးစက်ခဲ့ပြီး အီသီယိုပီးယားနဲ့ ပိုကျယ်ပြန့်တဲ့ အာဖရိကဦးချိုစွန်းဒေသတွေရဲ့ တည်ငြိမ်ရေးကိုပါ ခြိမ်းခြောက်ခဲ့ပါတယ်။

ထီဂရေးတပ်တွေက မြို့တော် အဒစ်အဘာဘာကို ဦးတည်ပြီး တောင်ပိုင်းကို ထိုးစစ်ဆင်လာလို့ အရင်အပတ်က အီသီယိုပီးယားအစိုးရဟာ နိုင်ငံအတွင်း အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

ဒီလိုကြေညာချက်ကြောင့် နိုင်ငံသားတွေဟာ ဘာတိုင်းရင်းသားဆိုတာ ဖော်ပြထားတဲ့ မှတ်ပုံတင်ကတ်တွေကို ဆောင်ထားဖို့ လိုပြီး အစိုးရက လိုအပ်သလို ဖမ်းဆီးထိန်းသိမ်းခွင့် ရှိပါတယ်။

ကုလသမဂ္ဂကတော့ အီသီယိုပီးယား ဝန်ထမ်းနဲ့ မှီခိုသူ ၁၆ ယောက်ထက်မနည်း အဖမ်းခံ ထားရတယ်လို့ အင်္ဂါနေ့က ပြောပေမဲ့  ဘယ်တိုင်းရင်းသားတွေလဲဆိုတာ မဖော်ပြခဲ့ပါဘူး။ 

နိုဝင်ဘာ ၁၀ ရက်နေ့မှာတော့ ၉ ယောက် ထိန်းသိမ်းခံထားရဆဲလို့ ပြောပါတယ်။

တီဂရေးတိုင်းရင်းသားတွေကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး သက်ကြီးရွယ်အိုတွေနဲ့ သားသည်မိခင်တွေ အပါအဝင် ရာချီတဲ့ လူတွေ ထိန်းသိမ်းခံထားရတယ်လို့ အီသီယိုပီးယား လူ့အခွင့်အရေး ကော်မရှင်က ပြောပါတယ်။ 

RELATED ARTICLES
- Advertisment -
Google search engine

Most Popular