Sunday, June 11, 2023
HomeLead Storyသိန္နီမြို့တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေ

သိန္နီမြို့တွင် စစ်တပ်က လက်နက်ကြီးပစ်ခတ် စစ်ရေးလှုပ်ရှားမှုများပြုလုပ်နေ

ရှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့၊ အမှတ် ၁၆ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်က နိုဝင်ဘာ ၁၀ ရက်  ဒီနေ့ မနက် ၉  နာရီလောက်ကစတင်ပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် စစ်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေတယ်လို့   ဒေသခံတွေဆီက သိရပါတယ်။

ဒီမနက်ကစပြီး စကစ ၁၆ က လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အပြင် စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ မြို့တွင်း မြို့ပြင် လှုပ်ရှား သွားလာနေတဲ့အတွက် မြို့တွင်းတိုက်ပွဲဖြစ်မှာကို ဒေသခံတွေက  စိုးရိမ်နေကြတာပါ။

သိန္နီမြို့ခံတစ်ဦးက”အရင်က ညဘက်လောက်ပစ်တာ။ အခုက ဒေသခံပြည်သူတွေ လုပ်ငန်းခွင်ဝင်ရောက်သွားလာနေတဲ့အချိန် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာ။ ပတ်ဝန်းကျင် ရွာတွေကဆို အိမ်ပြင်တောင် မထွက်ရဲတော့ဘူး။ အရင်ကလည်း မြို့ပေါ်တိုက်ပွဲဖြစ်ဘူးတော့ စိုးရိမ်ကြတယ်လေ”လို့ ဆိုပါတယ်။

လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေ လှုပ်ရှားသွားလာနေတဲ့အတွက် ဒေသခံပြည်သူတွေဟာ  ဆန်၊ ဆီနဲ့ စားသောက်ကုန်တွေကို ဝယ်ယူစုဆောင်းတာတွေရှိတယ်လို့ စားသောက်ကုန်မျိုးစုံရောင်းချသူ တစ်ဦးက ပြောပါတယ်။

ညအချိန် စစ်ကောင်စီရဲ့တပ်တွေဟာ မြို့ပတ်ဝန်းကျင်အနီး ဒေသခံတွေကြား သွားလာ လှုပ်ရှားနေသလို  လားရှိုး-မူဆယ်ကားလမ်းမကြီးပေါ်ကနေ စစ်ကောင်စီယာဥ်တန်းတွေဟာ လူအင်အား လက်နက်ခဲယမ်းအပြည့်တင်ဆောင်ပြီး ညစဥ်ဖြတ်သန်းသွားလာတာတွေရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြည်ထောင်စုလမ်းမကြီးတလျောက် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ  နေ့စဉ်လိုလို တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။

၂၀၁၉ အောက်တိုဘာလတုန်းကလည်း သိန္နိမြို့စည်ပင်သာယာစျေးအနီး စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မြို့တွင်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံတွေ လက်နက်ကြီးစ ထိမှန်ဒဏ်ရာရရှိသူတွေရှိခဲ့သလို နေအိမ်နဲ့ စျေးဆိုင်ခန်းတွေ ပျက်စီးခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular