Home
မြန်မာသတင်း
မြိုင်မြို့နယ်တွင် စစ်ကောင်စီကို အခွန်ဆောင်သယ်နေသည့် ဆီဘောက်ဆာယာဉ် မိုင်းခွဲခံရ
DVB
·
November 10, 2021
256017407_113990887754003_8311027447927738561_n

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်အစပ်မှာ နိုဝင်ဘာ ၁၀ ရက်နေ့မနက် ၁၁ နာရီလောက်က အကြမ်းဖက် စစ်ကောင်စီကို အခွန်ပေးဆောင်ပြီး သယ်ယူနေတဲ့ ဆီသယ်ဘောက်ဆာ ယာဥ်တစ်စီးကို မြိုင် မိုင်းခွဲသတိပေးခဲ့တယ်လို့ မြိုင် PDF တပ်ဖွဲ့ တာဝန်ရှိသူတစ်ယောက်က DVB ကို ပြောပါတယ်။

အဲဒီရေနံစိမ်းသယ်ဘောက်ဆာယာဥ်တွေဟာ အကြမ်းဖက်စစ်အုပ်စုကို ရေနံစိမ်း သယ်ယူခွင့် မျှောတစ်စောင်ကို ၁၈ သိန်းလောက် ပေးဆောင်ပြီး မြိုင်နယ်နဲ့ ပေါက်နယ်မှာရှိတဲ့ ရေနံမှော်တွေက ရေနံစိမ်းတွေကို မုံရွာမြို့က ချက်ဖို့တွေကို ပို့ဆောင်နေတာကြောင့် စစ်ကောင်စီရဲ့ ဝင်ငွေတွေကို ဖြတ်တောက်တဲ့အနေနဲ့ သတိပေးဖောက်ခွဲခဲ့တာလို့ ဆိုပါတယ်။

“အဲဒီရေနံမှော်တွေကနေ တစ်ရက်ကို ဆီဘောက်ဆာယာဥ် ၁၅ စီးလောက် နေ့စဥ်ထွက်နေတာကြောင့် စစ်ကောင်စီရဲ့ ဝင်ငွေကို ဖြတ်တောက်တာပါ။ သတိပေးရုံးသက်သက်သာဖြစ်ပြီး ကျနော်တို့က ပြည်သူကိုထိခိုက်အောင် ပျက်စီးဆုံးရှုံးအောင်မလုပ်ပါဘူးဗျ။ ထိခိုက်ပျက်စီးတဲ့ အခြေနေကတော့ မိုင်းစထိမှန်ပြီးကားဘော်ဒီလေးတွေလောက်ဘဲ့ နည်းနည်းထိမှန်သွားတာပေါ့။”

ဒါအပြင် မြိုင်-ဗဟင်းကားလမ်းမှာလည်း နိုဝင်ဘာလ ၄ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်တဲ့နေရာကို ဒီကနေ့မနက် ၁၁ နာရီလောက်မှာ အိမ်စီးကား တစ်စီးနဲ့ လာရောက်မှတ်တမ်းယူနေတာကြောင့် မိုင်းခွဲသတိပေးခဲ့ပြီး လူကိုမထိခိုက်ဘဲ အိမ်စီးကား အနည်းငယ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်က မိဘပြည်သူတွေအနေနဲ့ အချိန်မရွေး နေရာမရွေးတိုက်ပွဲ ဖြစ်ပွားနိုင်တာကြောင့် ကျန်မာရေးကိစ္စကလွဲလို့ အပြင်မထွက်ကြဖို့နဲ့ အကြမ်းဖက်စစ်အုပ်စုတွေက အိမ်းစီးကားတွေကို မှန်တင်ပြီး မောင်းလာတာတွေရှိတာကြောင့် ပြည်သူကို ငဲ့ကွက်ပြီး တိုက်ပွဲလွတ်ခဲ့ရတာတွေ ရှိနေတယ်လို့ ထပ်မံသတိပေးထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024