မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လကျော်အကြာ အကြမ်းဖက်စစ်တပ် ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၂၅၀ ထိ ရှိလာခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၉၄၃ ယောက် ဖမ်းဆီးခံခဲ့ရပြီး ၇၁၃၄ ယောက်ကတော့ လက်ရှိချုပ် နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၂၈၆ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ နိုဝင်ဘာ ၉ ရက်က အလုပ်နဲ့ ထောင် ဒဏ် ၇၅ နှစ် ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။ ဒေါ်နန်းခင်ထွေးမြင့်ကို ပုဒ်မ ၅၅ နဲ့ ငါးမှုတ ရားစွဲဆိုထားတာဖြစ်ပြီး တစ်မှုကို ၁၅ နှစ်နဲ့ ထောင်ဒဏ် ၇၅ နှစ်ချမှတ်ခဲ့တာ ဖြစ်ပါ တယ်။
အလားတူ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားတဲ့ ကရင်ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည် ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်ကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ စွဲချက် ခြောက်ခုအတွက် ထောင်ဒဏ် နှစ် ၉၀ ချမှတ်ခဲ့ကြောင်း သိရှိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် ဒေးဒနောကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် ကိုဇင်ဝေအောင်ကို အကြမ်းဖက်စစ်အုပ်စုက နိုဝင်ဘာ ၆ ရက်နေ့မှာ ဖမ်း ဆီးသွားခဲ့ပြီး စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်တာကြောင့် အဲဒီနေ့ညအချိန်မှာပဲ ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။
ချင်းပြည်နယ်၊ ဟားခါးမြို့မှာ အကြမ်းဖက်စစ်အုပ်စုက တစ်လနီးပါးကြာ ဖမ်းဆီးချုပ် နှောင်ထားခဲ့တဲ့ ကိုရိုာလ်ကျုံးဟာ စစ်ကြောရေးတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့က ဟားခါးမြို့၊ နှီးရာလွန်သာရ်ရပ်ကွက်မှာ တိုက်ပွဲဖြစ်ပွားခဲ့ ပြီး ကိုရိုာလ်ကျုံးအပါအဝင် လူငယ် ၅ ယောက်ကို အကြမ်းဖက်စစ်အုပ်စုက သံသယနဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို d[email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။