စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တယ်ပင်ကန်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသခံ PDF အဖွဲ့တို့ နိုဝင်ဘာ ၉ ရက် မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
တယ်ပင်ကန်ကျေးရွာအနောက်ဘက်နားမှာ တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်သား ၃၀ ဝန်းကျင်လောက် ကျဆုံးပြီး ဒေသခံ PDF အဖွဲ့က ၁ ဦး လက်မောင်းထိမှန်(မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့ PDF အဖွဲ့ဝင်တွေက ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေအလာမှာ ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာက အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။
မနက် ၉ နာရီကျော်လောက်က စတင်ဖြစ်ပွားခဲ့ကာ တိုက်ပွဲကြာမြင့်ချိန် ၁ နာရီဝန်းကျင်လောက်ထိ ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဖွဲ့တွေဟာ ယင်းမာပင်ဘက် ဆက်လက်ချီတက်ခဲ့ကြပြီး နှောရိုး-ကောင်းဆင့်ကျေးရွာအနီးမှာလည်း စစ်ကောင်စီကား ၂ စီး ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ထိခိုက်ကျဆုံးမှုအခြေနေကိုတော့ မသိရသေးဘူးလို့ ပြောပါတယ်။
စစ်ကောင်စီကား မိုင်းဆွဲတိုက်ခိုက်ခံရအပြီး ကောင်းဆင့်ကျေးရွာအပါအဝင် အနီးနားမှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေ ထွက်ပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရာမှုနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။