အီသီယိုးပီးယား ပဋိပက္ခဖြေရှင်းရေး အာဖရိကသမဂ္ဂနှင့်အတူဆောင်ရွက်နိုင်ရန် အမေရိကန် မျှော်လင့်

အီသီယိုးပီးယားနိုင်ငံအတွင်း ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းရာမှာ တိုးတက်မှုရှိအောင် အာဖရိကသမဂ္ဂနဲ့အတူ ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းရှိတယ်လို့ ယုံကြည်ကြောင်းကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နဒ်ပရိုက်စ်က နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။

အီသီယိုပီးယားနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် ဂျက်ဖရီ ဖဲ့တ်မဲန်းဟာ အာဖရိကသမဂ္ဂရဲ့ အထူးသံတမန်ဖြစ်သူ နိုင်ဂျီးရီးယား သမ္မတဟောင်း အိုလူရှီဂံ အိုဘာစံဂျိုနဲ့ တွေ့ဆုံမယ်လို့လည်း သူက သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

အီသီယိုပီးယား မြောက်ပိုင်းမှာ အစိုးရနဲ့ တီဂရေး သူပုန်တပ်တို့ကြား နှစ်ချီနေတဲ့ လက်နက်ကိုင် ပဋိပက္ခအတွင်း ရန်လိုမှုတွေ အဆုံးသတ်ဖို့ အမေရိကန် အစိုးရက ထပ်ခါတလဲ ဆော်ဩနေခဲ့ တာပါ။

ခုတော့ တိုက်ပွဲက လတ်တလော ရက်တွေအတွင်း အရှိန်မြင့်လာခဲ့ပါတယ်။ တီဂရေးတပ်တွေနဲ့ မဟာမိတ်တွေက မြို့တော်ကို ချီတက်မယ်လို့ ခြိမ်းခြောက်နေတာပါ။ အရင်အပတ်က အစိုးရက ခြောက်လကြာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

၂၀၂၀ နိုဝင်ဘာကစပြီး ပြည်ထောင်စု အစိုးရတပ်နဲ့ တီဂရေးဒေသ လက်ရှိအာဏာရပါတီ တီဂရေး လွတ်မြောက်ရေး တပ်ဦးတို့ကြား စစ်ပွဲဖြစ်ခဲ့တာပါ။ ဒါကြောင့် လူထောင်ချီ သေဆုံးပြီး လူ ၂ သန်းကျော် အိုးပစ်အိမ်ပစ် ထွက်ပြေးခဲ့ရပါတယ်။

အရင်အပတ်က အီသီယိုပီးယားနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထူးသံတမန်ဟာ အီသီယိုပီးယားနဲ့ ဒေသတွင်းနိုင်ငံတွေက အရာရှိတွေနဲ့ တွေ့ဆုံပြီးပါပြီ။ သူဟာ မနေ့က ကင်ညာနိုင်ငံက​နေ အီသီယိုပီးယားနိုင်ငံဆီ ပြန်လာခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ နဒ်ပရိုက်စ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up