Sunday, June 11, 2023
HomeLead Storyစဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ တာဝန်ခံ သေနတ်ဖြင့် ပစ်ခံရ

စဉ့်ကူးမြို့နယ် ကျည်တောက်ပေါက်ကျေးရွာ တာဝန်ခံ သေနတ်ဖြင့် ပစ်ခံရ

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ကျည်တောက်ပေါက်ကျေးရွာက ကျေးရွာတာဝန်ခံ ရာအိမ်မှူး နိုဝင်ဘာလ ၈ ရက် နေ့လယ်ပိုင်းက သေနတ်နဲ့ ပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

အသက် ၅၀ ကျော်အရွယ် ကျည်တောက်ပေါက် ကျေးရွာတာဝန်ခံ ဦးမောင်ငယ်ဟာ ဆိုင်ကယ်နဲ့ ထွက်လာချိန် သေနတ်နဲ့ ပစ်ခတ်ခံရတာလို့ ဒေသခံတွေက ပြောပါတယ်။

“မနေ့က ပစ်ခံရတာ။ သူက စစ်ကောင်စီ သတင်းပေးဆိုပြီး နာမည်ထွက်နေတယ်။ ပစ်ခံရတာ မသေဘူးတဲ့။ မနေ့ကတော့ စစ်ကားတွေ အဲ့ဒီရွာဘက်သွားတာတွေရှိတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတာကြောင့် ကျည်တောက်ပေါက် ကျေးရွာတာဝန်ခံ ဦးမောင်ငယ်မှာ စိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့ပြီး ကျည်တောက်ပေါက် တိုက်နယ်ဆေးရုံကနေ ပြင်ဦးလွင်စစ်ဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular