DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီ၏ကိုယ်စားလှယ်ကို မဖယ်ရှားပါက နိုင်ငံတကာစာရင်းကိုင်လုပ်ငန်းများ အာဆီယံစာရင်းစစ်ညီလာခံမှ နုတ်ထွက်မည်
DVB
·
November 9, 2021
စစ်ကောင်စီ၏ကိုယ်စားလှယ်ကို မဖယ်ရှားပါက နိုင်ငံတကာစာရင်းကိုင်လုပ်ငန်းများ အာဆီယံစာရင်းစစ်ညီလာခံမှ နုတ်ထွက်မည်
Donate to DVB

မြန်မာစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကိုလက်ခံလို့ နိုင်ငံတကာစာရင်းကိုင်လုပ်ငန်းတွေဖြစ်တဲ့ CPA Australiaနဲ့ နယူးဇီလန်က CAANZ ကုမ္ပဏီတွေဟာ မကြာခင်ကျင်းပမယ့် အာဆီယံ စာရင်းစစ်များ ညီလာခံကို မတက်ဘဲ နုတ်ထွက်မယ်လို့ ကြေညာခဲ့ကြောင်း Justice For Myanmar အဖွဲ့က မနေ့က သတင်းထုတ်ပြန်ပါတယ်။

အာဆီယံ စာရင်းစစ်များအသင်း AFA  အနေနဲ့ မြန်မာစစ်ကောင်စီနဲ့  မစ်ချီဂန် စာရင်းစစ်များ အသင်း MICPA  ကို မဖယ်ထုတ်ရင် တခြားစာရင်းစစ်ကုမ္ပဏီ ၅ ခုလည်း နုတ်ထွက်မယ်လို့ ဆိုပါတယ်။ 

မြန်မာစစ်ကောင်စီရဲ့ စာရင်းစစ်ချုပ်က အထူးဧည့်သည်တော်အနေနဲ့ တက်မယ့် အာဆီယံ စာရင်းပညာရှင်များအဖွဲ့ချုပ်ရဲ့ စုံညီ ညီလာခံ (AFA) ကို စပွန်ဆာထောက်ပံ့ပြီး  ညီလာခံတက်ဖို့ စီစဉ်ထားတာပါ။

ညီလာခံကိုလည်း မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း MICPA က ပူးတွဲကျင်းပခဲ့တာ ဖြစ်ပါတယ်။  

မြန်မာစစ်ကောင်စီ ပါဝင်ပတ်သက်နေတဲ့ စာရင်းစစ်တွေ ညီလာခံတက်မယ်ဆိုရင် နိုင်ငံတကာ စာရင်းကိုင်အဖွဲ့တွေက မတက်ဘဲ သပိတ်မှောက်ကြဖို့  Justice For Myanmar  အဖွဲ့က နိုဝင်ဘာ ၃ ရက်နေ့ က ကြေညာချက်ထုတ်ပြီးနှိုး ဆော်ခဲ့ပါသေးတယ်။

ဒီတောင်းဆိုချက်ကို ၄ ရက်အတွင်း လူပေါင်း ၁၂၀၀၀ ကျော်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေမှာ  မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို တက်ခွင့်မပေးခဲ့ပါဘူး။ 

ဒါပေမဲ့ နိုဝင်ဘာ ၂ ရက်က အွန်လိုင်းကနေ ကျင်းပတဲ့ အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ (၆) ကြိမ်မြောက် အစည်းအဝေးမှာတော့  အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက  တက်ရောက်မိန့်ခွန်းပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013