Sunday, May 28, 2023
HomeLead Storyရေစကြိုမြို့ ကမ်းဖြူကျေးရွာအနီး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား

ရေစကြိုမြို့ ကမ်းဖြူကျေးရွာအနီး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွား

ရေစကြိုမြို့ကမ်းဖြူကျေးရွာ ကျောင်းအနီးမှာ နိုဝင်ဘာ ၇ ရက်နေ့ ည ၉ နာရီလောက်က  ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။

ကမ်းဖြူကျေးရွာ ချင်းတွင်းမြစ်ကမ်းဘေးမှာ တည်ရှိတာဖြစ်ပြီး အထက်တန်းကျောင်းရှိတဲ့ ကျေးရွာဖြစ်ပါတယ်။ 

ကျေးရွာဒေသခံတစ်ဦးက “ကြားတာကတော့နှစ်ကြိမ် ပေါက်ကွဲသံကြားတယ်။ ရွာအဝင်က ကျောင်းအနီးမှာပဲ။ အစက တော်တော်ကျယ်တယ်၊ အစက စမ်းတာလို့ ထင်တာ၊ ကျောင်းတက်နေတဲ့သူတချို့နဲ့ ဆရာဆရာမ တချို့ကို သတိပေးတဲ့အနေနဲ့ ဖောက်ခဲ့တာဖြစ်မယ်၊ ဒီကျောင်းမှာ ကျောင်းတက်နေတဲ့ ကလေးကတော့ ၃၀ လောက်အထိရှိတယ်၊ အ ပျက်အစီးကတော့ မရှိပါဘူး” လို့ ပြောပါတယ်။ 

ကမ်းဖြူကျေးရွာ အထက ကျောင်းမှာ ဆရာ/ဆရာမ ၂၆ ဦးရှိတဲ့အနက် ၆ ဦး ကျောင်းတက်နေပြီး ကျောင်းသား ၃၆၀ ရှိတဲ့အထဲ ၃၀လောက် တက်ရောက်နေတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ်မှာ အထက ကျောင်း ၁၇ ကျောာင်း၊ အထကခွဲ ကျောင်း ၂၂ ကျောင်း၊ အလက ကျောင်း၂၇ကျောင်း၊ အလကခွဲကျောင်း ၁၇ ကျောင်း၊ မူလွန်ကျောင်း ၃၁ကျောင်း၊ အမကကျောင်း ၈၂ ကျောင်း စုစုပေါင်း ၁၉၆ ကျောင်းရှိပြီး ကျောင်းအများစုကတော့ တက်ရောက်သူမရှိလို့ ကျောင်းပိတ်ထားရတဲ့အခြေအနေဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကျောင်းအနည်းငယ်သာ ဖွင့်လှစ်နိုင်ပြီး တမြို့နယ်လုံးအတိုင်းအတာနဲ့ ကျောင်းတက်ရောက်သူ ၁ ရာနှုန်းမပြည့်ဘူးလို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular