Monday, May 29, 2023
HomeLead Storyနိုင်ပွဲမရခဲ့သော်လည်း ခြေစွမ်းတိုးတက်နိုင်စွမ်းရှိသဖြင့် ကျေနပ်ဟု စပါးနည်းပြ ကွန်တီ ပြော

နိုင်ပွဲမရခဲ့သော်လည်း ခြေစွမ်းတိုးတက်နိုင်စွမ်းရှိသဖြင့် ကျေနပ်ဟု စပါးနည်းပြ ကွန်တီ ပြော

မနေ့ညက ကန်သွားတဲ့ အဲဗာတန်အသင်းနဲ့ ပွဲမှာ ဂိုးမရှိ သရေရလဒ်သာ ရရှိခဲ့ပေမဲ့ တိုးတက်လာနိုင်တဲ့ ခြေစွမ်းရှိလို့ ကျေနပ်စရာ ဖြစ်တယ်လို့ စပါးနည်းပြသစ် ကွန်တီက ပြောပါတယ်။

ကွန်တီဟာ စပါးအသင်းနည်းပြအနေနဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တာဝန်ယူခဲ့တာ ဖြစ်ပြီး စပါးအသင်းအနေနဲ့ ဂိုးပေါက်တည့်တဲ့ ကန်သွင်းချက်တော့ မရရှိဘဲ သရေကျခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း နည်းပြကွန်တီကတော့ အသင်းရဲ့ နည်းစနစ်ကစားကွက်နဲ့ စိတ်ဓာတ်ပိုင်းတွေကို ပြောင်းလဲနိုင်ခဲ့တဲ့အတွက် ကျေနပ်ပျော်ရွှင်စရာဖြစ်တယ်လို့ ပွဲအပြီးမှာ ပြောပါတယ်။ 

“ရိုးရိုးသားသား ပြောရရင် တခြားမတူညီတဲ့ အကြောင်းကိစ္စတွေကြောင့် သရေကျခဲ့ပေမဲ့ ပျော်ရွှင်မိပါတယ်။ ပြီးတော့ ဂွတ်ဒီဆင်ပါ့ခ်ကွင်းမှာ အဲဗာတန်ကို ရင်ဆိုင်ရတာက လွယ်ကူမှာ မဟုတ်ပါဘူး။ ကွန်းဖရန့်လိဂ်ကစားအပြီးမှာ နည်းစနစ်ပိုင်းကို စတင်လုပ်ဆောင်နိုင်ခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာတွေမှာပါ ပြောင်းလဲမှုတွေရှိလာခဲ့လို့ ခြေစွမ်းတိုးတက်မှုတွေ ရှိလာဦးမှာပါ” လို့ နည်းပြ ကွန်တီက ပြောပါတယ်။ 

ဒါပေမဲ့ တိုက်စစ်ပိုင်းက နောက်ဆုံးပေးပို့မှုတွေမှာ အမှားအယွင်းတွေရှိခဲ့တာကိုတော့ နည်းပြ ကွန်တီက ဝန်ခံခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular