Sunday, May 28, 2023
HomeLead Storyယင်းမာပင်တွင် စစ်​ကောင်စီယာဉ် ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

ယင်းမာပင်တွင် စစ်​ကောင်စီယာဉ် ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် အမှတ် (၂၈) ရဲတပ်ရင်း​အနီးမှာ ​နိုဝင်ဘာ ၇ ရက်​နေ့မနက်ပိုင်းက စစ်​ကောင်စီတပ်ကား ၂ စီး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။

စစ်ဗိုလ်အဆင့်ရှိသူတဦးရဲ့ မင်္ဂလာ​ဆောင်လာတဲ့ စစ်​ကောင်စီကား ၂ စီးဟာ အမှတ် (၂၈) ရဲတပ်ရင်းရဲ့ ​မြောက်ဘက် ​​ရေ​ကျော်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်ပြီး ကား ၁ စီး ထိမှန်ခဲ့တယ်လို့ ​ဒေသခံ​တွေက​ ပြောပါတယ်။

မိုင်း​ပေါက်ကွဲအပြီး စစ်​ကောင်စီတပ်သား​တွေဟာ လက်နက်ကြီး လက်နက်ငယ်​တွေနဲ့ ရမ်းသမ်း ပစ်ခတ်တာကြောင့် လမ်းသွားလမ်းလာ ပြည်သူ ၁ ဦး ​သေနတ်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် အနီးအနားက ပြည်သူတချို့ကို စစ်ကောင်စီတပ်က ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး ပြန်လွှတ်​ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရမှု​ကြောင့် စစ်​ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှု​အခြေအနေနဲ့ ဘယ်အဖွဲ့က လုပ်​ဆောင်တယ်ဆိုတာ မသိရ​​​သေးပါဘူး။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular