Home
မြန်မာသတင်း
မြောင်းမြတွင် ထောင်ချခံရပြီး လွတ်လာသည့် သတင်းထောက် ပြန်အဖမ်းခံရ
DVB
·
November 7, 2021
249436859_1217943398690001_6423548441310873650_n

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုထောင်ချပြီး ပြန်လွတ်လာတဲ့ သတင်းထောက်ဟောင်း ကိုရဝေမောင်ကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက နိုဝင်ဘာ ၃ ရက်နေ့က ပြန်လည်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

မြောင်းမြအခြေစိုက် လူထုကလောင် သတင်းထောက်ဟောင်းဖြစ်သူ ကိုရဝေမောင်ကို အာဏာသိမ်း စစ်ကောင်စီ တပ်သားတွေက သူနေထိုင်ရာ ဘုရားချောင်းကျေးရွာနေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။

“ပြောစရာရှိတာတော့ ထန်တလန်ကိစ္စမီးရှို့တာကို သူ့ဖေ့ခ်ဘွတ်မှာ ကဗျာရေးတင်တာ တစ်ခုပဲ၊ အဲ့တာကြောင့် လာဖမ်းသွားတာဖြစ်နိုင်တယ်။ နောက်ထပ် ၂ ယောက်လည်း ထပ်ဖမ်းတယ်ကြားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

လူထုကလောင် သတင်းထောက်ဟောင်း ကိုရဝေမောင်ကို ထန်တလန်မီးရှို့မှုအကြောင်း ရေးခဲ့တဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဖမ်းဆီးခဲ့သလို စစ်ကောင်စီကို ဆန့်ကျင်ကြောင်းရေးသားခဲ့တဲ့ မှုခင်းသတင်းထောက် ၂ ဦးကိုလည်း ထပ်မံဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ဒုတိယအကြိမ်ဖမ်းဆီးခံခဲ့ရတဲ့ ကိုရဝေမောင်ကို မြောင်းမြမြို့မရဲစခန်းမှာ ပုဒ်မ ၅၀၅ နဲ့ အမှုဖွင့် ဖမ်းဆီးထားတာကြောင့် မိသားစုက လိုက်သွားခဲ့ပေမယ့် တွေ့ခွင့်မရခဲ့ဘူးလို့ သိရပါတယ်။

လူထုကလောင်သတင်းထောက်ဟောင်း ကိုရဝေမောင်ကို အာဏာသိမ်းစစ်ကောင်စီက ဧပြီ ၂၀ ရက်နေ့က ပထမအကြိမ်ဖမ်းဆီးပြီး ဇွန်လ ၃၀ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့တာလို့ နယ်ခံသတင်းထောက်တွေဆီက သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024