Sunday, May 28, 2023
HomeLead Storyရေကြည်မြို့နယ်တွင် ဒေသခံပြည်သူ နေအိမ် ၇ လုံး ချိပ်ပိတ်ခံရ

ရေကြည်မြို့နယ်တွင် ဒေသခံပြည်သူ နေအိမ် ၇ လုံး ချိပ်ပိတ်ခံရ

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာ နိုဝင်ဘာလဆန်းပိုင်းကစတင်ကာ အာဏာသိမ်းစစ်ကောင်စီက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံချိပ်ပိတ်နေပြီး နိုဝင်ဘာလ ၆ ရက်နေ့ထိ စာရင်းတွေအရ နေအိမ် ၇ လုံး ရှိပြီလို့ သိရပါတယ်။

ရေကြည်မြို့ပေါ်ရပ်ကွက်နဲ့ ဇရပ်လှကျေးရွာတွေမှာ ရှိတဲ့ နေအိမ် ၇ လုံးကို ဗုံးဖောက်ကွဲမှု၊ အကြမ်းဖက်ရာမှာ ပါဝင်မှု စတဲ့ စွပ်စွဲချက်တွေနဲ့ နေအိမ်ပိုင်ရှင်တွေကို ဖမ်းဆီးပြီး အိမ်တွေကို ချိပ်ပိတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

“အဲ့နေအိမ် ၇ လုံးကို ချိပ်ပိတ်တာဟုတ်တယ်၊ ဒါပေမယ့် အဲ့အထဲမှာ ၅၀၅ နဲ့ထောင်ကျပြီး သိပ်မကြာခင်က ပြန်လွတ်လာတဲ့ ကိုစည်သူကိုပါ ဖမ်းသွားတာ။ ကိုမျိုးမင်းသန်းက သူ့အိမ်မှာ ဗုံးကွဲဖူးတယ်၊ ပါဆယ်လာပို့တာကို ဖွင့်ရင်းနဲ့ ကွဲတာ၊ အဲ့တာလည်း ချိပ်ပိတ်ခံရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

နေအိမ် ၇ လုံးကို ချိပ်ပိတ်ပြီး ပိုင်ရှင်တွေကို ဖမ်းတဲ့အချိန်မှာ ၅၀၅ နဲ့တရားစွဲထောင်ချခံရပြီး ပြန်လွတ်လာတဲ့ ကိုစည်သူနဲ့ ဇရပ်လှ ကျေးရွာက ကိုမျိုးမင်းသန်းတို့သာ ဖမ်းဆီးခဲ့ရပြီး ကျန်တဲ့သူတွေကတော့ ရှောင်တိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းမှာ အာဏာသိမ်းစစ်ကောင်စီက ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို လိုက်လံချိပ်ပိတ်တဲ့ အထဲမှာ ရေကြည်မြို့နယ်က အများဆုံးဖြစ်နေပြီး ကျုံပျော်မြို့နယ်မှာတော့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း ဦးမန်ဂျော်နီရဲ့ နေအိမ်လည်း ချိပ်ပိတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular