Saturday, June 10, 2023
HomeLead Storyထိုင်းတွင် တရားမဝင် မြန်မာလုပ်သားများတင်လာသည့်ကား တိမ်းမှောက်ပြီး ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

ထိုင်းတွင် တရားမဝင် မြန်မာလုပ်သားများတင်လာသည့်ကား တိမ်းမှောက်ပြီး ၃ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ

ထိုင်းနိုင်ငံ ကမ်ဖိင်ပက်ခရိုင်မှာ နိုဝင်ဘာ ၆ ရက် မနက်က  မဲဆောက်ကို ဖြတ်ပြီး ထိုင်းနိုင်ငံအတွင်းပိုင်းကို တရားမဝင် ဝင်လာတဲ့  မြန်မာအလုပ်သမားကားတစီး တိမ်းမှောက်လို့ ၃ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရသွားပါတယ်။

ဒဏ်ရာရ အသက် ၃၀ အရွယ် မြန်မာ အလုပ်သမားက “ကျနော်တို့ဟာ မဲဆောက် နယ်စပ်ကတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းအထိ လူ ၁ ဦးစီကို ဘတ် ၇၀၀၀ က ၂၃၀၀၀ အထိ ပေးရတယ်။ မဲဆောက်ကို ဖြတ်လာပြီး ကမ်ဖိင်ပက်ခရိုင်ထဲမှာ ကားမှောက်လို့ ရာဘာတောထဲမှာ ထားခဲ့ပြီး ကားသမား ထွက်ပြေးသွားတယ်။ နီးစပ်ရာကို အကူအညီတောင်းတော့ ရဲတွေနဲ့ လူနာတင်ကားတွေ လာတယ်။ ၃ ယောက် သေပြီး ၄ ယောက်ဒဏ်ရရတယ်” လို့ ပြောပါတယ်။

အခုဆိုရင် ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမား လက်မှတ်တွေလုပ်ပေးနေချိန် ဖြစ်ပါတယ်။ ထိုင်းနိုင်ငံကို နယ်စပ်ဖြတ်ကျော်  တရားမဝင် ဝင်ရောက်လာတဲ့  အလုပ်သမားတွေကို ထိုင်းအာဏာပိုင်တွေက အခုသီတင်းပတ်တွေအတွင်း  ပိုက်စိပ်တိုက် ဖမ်းနေတဲ့အတွက်  မြန်မာရွေ့ပြောင်းလုပ်သားတွေ နေ့စဉ်လိုလို ဖမ်းဆီးခံနေပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular