Friday, June 9, 2023
HomeLead Storyမန်စီးတီးက မန်ယူထက်ခြေစွမ်းသာနေပေမယ့် သမိုင်းပျောက်ရိုးထုံးစံမရှိဟု အီဗရာ ပြော

မန်စီးတီးက မန်ယူထက်ခြေစွမ်းသာနေပေမယ့် သမိုင်းပျောက်ရိုးထုံးစံမရှိဟု အီဗရာ ပြော

မန်စီးတီးအသင်းရဲ့ ခြေစွမ်းက မန်ယူထက်သာနေပေမယ့်လည်း သမိုင်းအစဉ်အလာ ပျောက် သွားတဲ့ ထုံးစံမရှိကြောင်း ယူနိုက်တက်နောက်ခံလူဟောင်း အီဗရာကပြောပါတယ်။

မန်ယူအသင်းဟာ ဒီကနေ့ မြန်မာစံတော်ချိန် ည ၇ နာရီမှာ မန်စီးတီးကို အိုးထရတ်ဖို့ဒ်မှာ လက်ခံကစားရမှာဖြစ်ပြီး ဒေးလီးမေးလ်နဲ့ အင်တာဗျူး အစီအစဉ်မှာ အီဗရာက သုံးသပ်ခဲ့တာပါ။ လက်ရှိအချိန်မှာ မန်စီးတီးကအင်အားတောင့်တင်းလာပြီး မန်ယူနိုက်တက်ထက် သာနေတာက အမြဲတမ်းဖြစ်နေမလားဆိုတဲ့မေးခွန်းအပေါ် အီဗရာက လက်မခံဘဲ ပြန်လည်တုံ့ပြန်ခဲ့တာပါ။

သမိုင်းအစဉ်အလာက ပျောက်ပျက်သွားတဲ့ ထုံးစံမရှိဘဲ မန်စီးတီးက ချန်ပီယံလိဂ်ဖလားမရ မချင်း မန်ယူနိုက်တက်အသင်းရဲ့ သမိုင်းအစဉ်အလာကို ကျော်နိုင်မှာမဟုတ်ကြောင်း အီဗရာကပြောပါတယ်။

“မန်စီးတီးကအမြဲတမ်းကောင်းနေဖို့က မဖြစ်နိုင်ဘူး။ သူတို့ရထားတဲ့ ပရီးမီးယားလိဂ်ဖလား ၅ လုံးက ကနော် တစ်ယောက်တည်းရခဲ့တဲ့  အရေအတွက်နဲ့အတူတူပါပဲ။ သူတို့မှာ ချန်ပီယံ လိဂ်ဖလားရှိလို့လား။ ဒီချိန်မှာသူတို့ခြေစွမ်းသာနေပေမယ့် စိုးရိမ်စရာမရှိပါဘူး။ သမိုင်းဆိုတာ ပျောက်ပျက်သွားရိုးထုံးစံမရှိဘူး” လို့ အီဗရာက ပြောပါတယ်။

အီဗရာဟာ ၂၀၀၆ ကနေ ၂၀၁၄ ခုနှစ်အထိ ယူနိုက်တက်အတွက် ၂၇၃ ပွဲအထိကစားခဲ့ပြီး အဓိကဆုဖလားတွေအနေနဲ့ ပရီးမီးယား လိဂ်ချန်ပီယံ ၅ ကြိမ်နဲ့ ချန်ပီယံလိဂ်ဆုဖလား တစ်ကြိမ်ရယူနိုင်ခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular