Thursday, June 8, 2023
HomeLead Storyရန်ကုန်-မန္တလေးရထားသံလမ်းကူးတံတားကို ဗုံးဖောက်ခွဲ၊ ချမ်းမြသာစည်က ရာအိမ်မှူး ပစ်ခတ်ခံရ

ရန်ကုန်-မန္တလေးရထားသံလမ်းကူးတံတားကို ဗုံးဖောက်ခွဲ၊ ချမ်းမြသာစည်က ရာအိမ်မှူး ပစ်ခတ်ခံရ

မန္တလေးတိုင်း ပြည်ကြီးတံခွန်မြို့နယ် ရန်ကုန် – မန္တလေး ရထား သံလမ်းကူးတံတား ဗုံးဖောက်ခွဲခံရပြီး ချမ်းမြသာစည်မြို့နယ်က ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။

ပြည်ကြီးတံခွန်မြို့နယ်၊ ပန်းရံတော်ချောင်းကူး ရန်ကုန် – မန္တလေး ရထားသံလမ်းကူးတံတားမှာ နိုဝင်ဘာ ၅ ရက် မွန်းလွဲပိုင်းက ဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဗုံးပေါက်ကွဲမှုကြောင့် သံလမ်း ဇလီဖားတုံးတချို့ ပျက်စီးသွားပေမယ့် ထိခိုက်ဒဏ်ရာရာတာ မရှိဘူးလို့ သိရပါတယ်။

ဗုံးပေါက်ပြီး မကြာခင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တွေရောက်လာပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးတာတွေ လုပ်သွားခဲ့ပါတယ်။

ပန်းရံတော်ချောင်းကူး ရန်ကုန် – မန္တလေး ရထားသံလမ်းကူးတံတားကို ဘယ်အဖွဲ့က ဗုံးခွဲတယ်ဆိုတာ မသိရသေးပါဘူး။

အောက်တိုဘာလ ၈ ရက်နေ့ကလည်း တံခွန်တိုင်ဘူတာ တောင်ဘက်ရှိ ရန်ကုန် – မန္တလေး ရထားသံလမ်း တံတားဖောက်ခွဲခံရပြီး သံလမ်းပျက်စီးတာရှိပေမယ့် လူထိခိုက်တာ မရှိဘူးလို့ သိရပါတယ်။

နိုဝင်ဘာလ (၅) ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ချမ်းမြသာစည်မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၁၁၀ (A) လမ်း နဲ့  ၄၄ လမ်း အနီးမှာ ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခံခဲ့ရပါတယ်။

သေနတ်နဲ့ ပစ်ခံရသူဟာ အသက် ၇၀ ကျော်အရွယ် အောင်သာယာရပ်ကွက် ရာအိမ်မှူး ဦးသိန်းဝင်း ဆိုသူဖြစ်ပြီး အုပ်ချုပ်ရေးမှူးရုံးကနေ နေအိမ်ကို လမ်းလျှောက်ပြန်တဲ့အချိန် ပစ်ခံရတာလို့ သိရပါတယ်။

“စစ်ကောင်စီက ခန့်တဲ့ ရာအိမ်မှူးက လမ်းလျှောက်ပြန်တဲ့အချိန် ပစ်ခံရတာ။ အဲ့ဒီလူက သတင်းပေးတာတွေလည်း လုပ်တယ်။ ပစ်ခံရတာ မသေဘူးတဲ့။” လို့ ရပ်ကွက်နေပြည်သူတစ်ဦး က ပြောပါတယ်။

သေနတ်နဲ့ ပစ်ခံရတဲ့အတွက် ရာအိမ်မှူး ဦးသိန်းဝင်းမှာ ညာဘက်ပါးခြမ်း ရှပ်ထိသေနတ်ဒဏ်ရာတစ်ချက်ရခဲ့ပြီး ကုတင်သုံးရာဆေးရုံကို တင်ပို့ထားရတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular