Sunday, June 11, 2023
HomeLead Storyထီးလင်းမြို့နယ် ထွေအုပ်နှင့် ဌာန ၄ ခုက ဝန်ထမ်းများ နုတ်ထွက်

ထီးလင်းမြို့နယ် ထွေအုပ်နှင့် ဌာန ၄ ခုက ဝန်ထမ်းများ နုတ်ထွက်

မကွေးတိုင်း ထီးလင်းမြို့နယ်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးစာရေးဝန်ထမ်းတွေ အပါအဝင် ဌာနဆိုင်ရာ ၄ ခုက ဝန်ထမ်းတွေဟာ အခုလ နိုဝင်ဘာလဆန်းပိုင်းကစလို့ နုတ်ထွက်သွားကြတယ်လို့ သိရပါတယ်။

နုတ်ထွက်သွားကြတဲ့ ဝန်ထမ်းတွေဟာ မြို့နယ်ထွေ/အုပ်ရုံးက ရပ်ကျေးစာရေးတွေ၊ ပြည်သူ့ဆေးရုံက ကျန်းမာရေးဝန်ထမ်းတွေ၊ ပညာရေးဌာနက ဆရာ၊ ဆရာမတွေနဲ့ ကျေးလက်ရုံး ဝန်ထမ်းတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။

မြို့နယ်ထွေအုပ်ရုံးနဲ့နီးစပ်သူတဦးက “ရပ်ကျေးစာရေးတွေ ထွက်စာတင်ကြတာ ၂၀ ကျော်ရှိတယ်။ နောက်ထပ်လည်း ထွက်ကြဦးမယ်။ ဝန်ထမ်းတွေလည်း အကြမ်းဖက်စစ်တပ်ရဲ့ဒဏ်ကို မခံနိုင်ကြ တော့ဘူး” လို့ ပြောပါတယ်။

ထီးချိုင့်ပြည်သူ့ဆေးရုံက ဆရာဝန်အပါအဝင် ကျန်းမာရေးဝန်ထမ်းအားလုံးနီးပါး နုတ်ထွက်သွား ကြတာကြောင့် ဆေးရုံပိတ်ထားတယ်လို့လည်း သိရပါတယ်။

”ဆရာဝန်နဲ့ ဆေးရုံဝန်ထမ်းတွေအကုန်နီးပါး အလုပ်ကနေနုတ်ထွက်သွားကြလို့တဲ့ ဆေးရုံ ပိတ်ထားတာမြင်ခဲ့တယ်။ ကျောင်းဆရာမတွေနဲ့ ကျေးလက်ရုံးကစာရေးတွေလည်း နုတ်ထွက်စာ တင်သွားကြတယ်လို့ သိထားရတယ်” လို့ ထီးချိုင့်မြို့ခံတဦးက ပြောပါတယ်။

နုတ်ထွက်သွားကြတဲ့ မြို့နယ်ပညာရေးဌာနက ပညာရေးဝန်ထမ်းတွေနဲ့ ကျေးလက်ရုံးတွေက ဝန်ထမ်းအင်အားစာရင်း ကိုသိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

ဂန့်ဂေါ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော မြို့နယ် ၅ ခုက စစ်ကောင်စီ ဒေါက်က်တိုင်ဌာနဆိုင်ရာရုံးတွေမှာ ရုံးတက်နေတဲ့ ဝန်ထမ်းတွေကို နိုဝင်ဘာ ၅ ရက် နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့ Yaw Defense Force (YDF) က နိုဝင်ဘာ ၁ ရက်က ထုတ်ပြန်ကြေညာပြီးနောက်ပိုင်း အခုလို နုတ်ထွက်ကြတာလို့  ဒေသခံတွေဆီက သိရပါတယ်။

ထီးလင်းမြို့နယ်၊ လောင်းဘို (ချောင်းပေါက်)  ကျေးရွာမှာနေထိုင်တဲ့ ထွေ/အုပ်စာရေး ကိုချမ်းသာ ရဲ့ အမျိုးသမီးနဲ့ ၁၀ နှစ်အရွယ်သားဖြစ်သူတို့ဟာလည်း  ဇူလိုင် ၂၈ ရက်က အသတ်ခံရတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular