နည်းပညာတက္ကသိုလ် ( ရတနာပုံ ဆိုင်ဘာစီးတီး ) 5th Batch မှ Advanced Materials Engineering (အဆင့်မြင့်ဒြပ်ပစ္စည်း အင်ဂျီနီယာ) မေဂျာ တက်ရောက်နေတဲ့ ကျောင်းသား ကိုမျိုးသူနိုင်ကို နိုဝင်ဘာ ၂ ရက် ညသန်းခေါင်လောက်က စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားခဲ့ပါတယ်။
ကိုမျိုးသူနိုင်ကို မိတ္ထီလာမြို့ရှိ နေအိမ်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂၀ ကျော် က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီး ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာတော့ လတ်တလော မသိရသေးပါဘူး။
ကိုမျိုးသူနိုင်ရဲ့ အခန်းထဲက စာရွက်စာတမ်းတွနဲ့ လက်ကိုင်ဖုန်းတွေကိုလည်း မွှေနှောက်ရှာဖွေ သိမ်းဆည်းသွားတယ်လို့ နည်းပညာတက္ကသိုလ် (ရတနာပုံ ဆိုင်ဘာစီးတီး) ကျောင်းသားသမဂ္ဂကနေ သိရပါတယ်။