Thursday, June 8, 2023
HomeLead Storyဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးခဲ့သည့် စဉ့်ကိုင် CDM ကျောင်းဆရာအပါအဝင် ကျဆုံးပြည်သူ ၁၂၃၃ ဦးရှိလာ

ဖမ်းဆီးနှိပ်စက်ခံရပြီး ကျဆုံးခဲ့သည့် စဉ့်ကိုင် CDM ကျောင်းဆရာအပါအဝင် ကျဆုံးပြည်သူ ၁၂၃၃ ဦးရှိလာ

မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၉ လအကြာ အကြမ်းဖက်စစ်တပ် ပစ်ခတ် သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁,၂၃၃ ယောက်ထိ ရှိလာခဲ့တယ်လို့ နိုင် ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း ပြည်သူ ၉၆၂၆ ယောက် ဖမ်းဆီးခံခဲ့ရကာ ၇၀၁၂ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲကအယောက် ၃၀၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။

ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက်က တော့ ၁၉၅၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ  သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာမှာ နေထိုင်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) ပြုလုပ်ထားတဲ့ အ.ထ.က စဉ့်ကိုင်မှ အထက်တန်းပြကျောင်းဆရာ ဦး ဝင်းလွင်ဟာ ဖမ်းဆီးနှိပ်စက်ခံရတာကြောင့် ကျဆုံးသွားခဲ့ကြောင်း သိရှိရပါတယ်။ နိုဝင် ဘာ ၁ ရက်နေ့မနက် ၃ နာရီလောက်က အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ ဦးဝင်း လွင်အပါအဝင် ရွာသား ၅ ယောက်ကို စစ်ဆေးမေးမြန်းဖို့ရှိတယ်ဆိုကာ ဖမ်းဆီးသွားခဲ့ပြီး အဲဒီနေ့ညနေပိုင်းမှာ ၃ ယောက်ကို ပြန်လည်လွှတ်ပေးခဲ့ကာ ဦးဝင်းလွင်နဲ့ ကျူရှင်ဆရာ ဦးရန်အောင်ဝင်းတို့ကို ဆက်လက် ဖမ်းဆီးထားခဲ့တာပါ။ နောက်တနေ့ နိုဝင်ဘာ ၂ ရက်မ နက် ၇ နာရီလောက်မှာတော့ ဦးဝင်းလွင်ရဲ့ ရုပ်အလောင်းကို လာရောက်ယူဆောင်ဖို့ သူ့ ရဲ့ မိသားစုဆီ အကြောင်းကြားလာခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁ ရက်နေ့ ညနေပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်၊ သရက် ကန်ကျေးရွာမှ ကိုဖြိုးဝေအောင်၊ ကိုချစ်ကိုနဲ့ ခင်ဦးမြို့၊ မြနန္ဒာရပ်ကွက်မှ ကိုရန်နိုင်တို့ဟာ လယ်အတွင်းရေတင်နေချိန်မှာ ပစ်သတ်ခံခဲ့ရကြောင်း သိရှိရပါတယ်။ အကြမ်းဖက်စစ် အုပ်စု တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေဟာ တာဘောင်ပေါ်က ကားနှစ်စီးနဲ့ ဖြတ်သွားချိန်မှာ အဆိုပါဒေသခံ ၃ ယောက်ကို ပစ်သတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေအေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။

ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ [email protected] အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို [email protected] အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular