Saturday, June 3, 2023
HomeLead Storyလောင်းလုံးမြို့နယ်က နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

လောင်းလုံးမြို့နယ်က နယ်ထိန်းရဲတစ်ဦး ပစ်သတ်ခံရ

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က နယ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦး နိုဝင်ဘာ ၁ ရက် နေ့လယ်ပိုင်းမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရလို့ သေဆုံးခဲ့ကြောင်း သိရပါတယ်။

ရဲတပ်သား နေမျိုးအောင် ခေါ် ရဲမဲဆိုသူဟာ လောင်းလုံး-စစ်ပြဲ တောလမ်းတနေရာ တောင်ဇင်းလမ်းမှာ ပစ်သတ်ခံခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။

“ပစ်သတ်ခံရတဲ့နေရာက လူ သွားလူလာနည်းတယ် တောလမ်း၊ အခုတော့ ကွန်ကရစ်လမ်း ဖောက်နေတယ်။ အဲ့လမ်းမှာ ရဲတစ်ယောက်သေနေတယ် ပြောလို့ သွားကြည့်တော့၊ ရဲမဲ သေနတ်နဲ့ ပစ်သတ်ခံရတာ။ ဘယ်သူပစ်လဲတော့ ကျနော်လည်း မသိဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့လက်ကိုင်တုတ်ဖြစ်တဲ့ ရဲတပ်သား  နယ်ထိန်း နေမျိုးအောင်(ခ)ရဲမဲ ဆိုသူကို Nway Oo Guerrilla Force အဖွဲ့က သုတ်သင်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

လောင်းလုံးမြို့နယ်မှာ ပထမဆုံးအကြိမ် နယ်ထိန်း ရဲတပ်ဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရတာဖြစ်ပြီး ညပိုင်းမှာ စစ်ပြဲရွာနဲ့ ပြင်းထိန်ရွာက ဒေသခံတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

Nway Oo Guerrilla Force အဖွဲ့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်ကလည်း လောင်းလုံးမြို့နယ်အတွင်းက မိုင်တဲလ်တာဝါတိုင် ၅ တိုင်ကို ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular