Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးအတွက် “ဒီမိုကရေစီ ဒီပါဝလီ”ရန်ပုံငွေပွဲတော် အွန်လိုင်းမှကျင်းပမည်
DVB
·
November 2, 2021

မြန်မာ့နွေဦးတော်လှန်ရေးအတွက် “ဒီမိုကရေစီဒီပါဝလီ”ရန်ပုံငွေပွဲတော်ကို လာမယ့် နိုဝင် ဘာ ၅ ရက်မှာ အွန်လိုင်းကတဆင့် ကျင်းပသွားမယ်လို့ သိရပါတယ်။

ဒီပွဲတော်ကိုတော့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့ဒီမိုကရေစီအရေး ဂေါ်ရခါးလှုပ်ရှားမှုအဖွဲ့-Gurkha Movement For Democracy In Myanmar(GMDM)က ဦးဆောင်ကျင်းပသွား မှာ ဖြစ်ပြီး ဂေါ်ရခါးလူမျိုးတွေရော မြန်မာနိုင်ငံသား၊ တိုင်းရင်းသားအားလုံးကို ပါဝင်ကြဖို့ ဖိတ်ခေါ် ထားပါတယ်။

မြန်မာနိုင်ငံအတွက် လိုအပ်တဲ့ နေရာတွေမှာ အကူအညီပေးထောက်ပံ့နိုင်ဖို့ ရန်ပုံငွေ လို အပ်ချက်တွေအရ ဒီပွဲတော်ကို Virtual ပုံစံနဲ့ ကျင်းပသွားမှာဖြစ်ပြီး ထိုင်းနိုင်ငံထဲက ဂေါ်ရခါး လူမျိုးတွေအနေနဲ့ “ဒီမိုကရေစီဒီပါဝလီ”ပွဲတော်ကို ဆင်နွှဲရင်း အလှူငွေတွေ ထည့်ဝင် အားပေးနိုင်မယ်လို့ ဆိုပါတယ်။

မြန်မာစံတော်ချိန် ၇ နာရီခွဲကနေ ၉ နာရီခွဲထိ ကျင်းပမယ့် ပွဲတော်တိုက်ရိုက်ထုတ်လွှင့်မှု ကိုတော့ Gurkha Movement For Democracy In Myanmar ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာ နက်လူမှုကွန်ရက်စာမျက်နှာပေါ်က စောင့်မျှော်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ဟိန္ဒူဘာသာဝင်တွေရဲ့ အထွတ်အမြတ်ထားရာ ဒီပါဝလီ ကာလမှာ ဟိန္ဒူဘာသာဝင်တွေအနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ အပြစ်မဲ့ပြည်သူ အများအပြား သေ ဆုံးထားရပြီး စစ်ကောင်စီလက်အောက်က လွတ်မြောက်မှု မရသေးတာကို သတိပြုဆင် ခြင်ပြီး ပျော်ပွဲရွှင်ပွဲတွေနဲ့ ဘာသာရေး အဆုံးအမအရ မသင့်လျော်တဲ့ ဆူညံပျော်ပါး မူး ယစ်တာတွေ မပြုလုပ်ကြဖို့နဲ့ မိမိတို့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ရရှိပြီးမှသာ နဂိုမူလအတိုင်း ပွဲတော်ကြီးတွေ ဆင်နွှဲကြဖို့ အသိပေးပန်ကြားထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024