Friday, June 9, 2023
HomeLead Storyမအူပင်မြို့က စစ်တပ်​ထောက်ခံပွဲလုပ်မည့်​နေရာတွင် ဗုံး​ပေါက်ကွဲ

မအူပင်မြို့က စစ်တပ်​ထောက်ခံပွဲလုပ်မည့်​နေရာတွင် ဗုံး​ပေါက်ကွဲ

ဧရာဝတီတိုင်း မအူပင်မြို့မှာ နို၀င်ဘာ ၁ ရက်​​နေ့ အကြမ်းဖက်စစ်တပ် ​ထောက်ခံပွဲပြုလုပ်မယ့်နေရာမှာ ​အောက်တိုဘာ ၃၁ ရက်​ည ၆ နာရီ​ကျော်က ဗုံး​ပေါက်ကွဲ​တယ်လို့ သိရပါတယ်။

မအူပင်မြို့ဘက် တံတားအဆင်းမှာ မနေ့ည ၆:၃၅ မိနစ်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သလို ​မနက်ပိုင်းက အဲဒီ​နေရာမှာ ဗုံး၂ လုံး​ပေါက်ကွဲခဲ့​တယ်လို့ သိရပါတယ်။

ဒီဖောက်ခွဲမှုကို မအူပင် PDF  တပ်ဖွဲ့ခွဲတစ်ခု ဖြစ်တဲ့ ရေဝတီရဲ့စေတမန်အဖွဲ့က ဖောက်ခွဲခဲ့တာလို့ သိရပါတယ်။

စစ်တပ်ထောက်ခံပွဲပြုလုပ်မယ့်နေရာအနီး ပေါက်ကွဲခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ စစ်​ဆေးမှုတွေ ပြုလုပ်​နေ​တယ်လို့ သိရပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရရမှု ရှိမရှိကိုတော့ မသိရသေးပါဘူး။

မအူပင်မြို့မှာ ​အောက်တိုဘာလ​နောက်ဆုံးအပတ်အတွင်း ဗုံး​ပေါက်ကွဲမှုတွေနဲ့ ဒလန်းရှင်းလင်းမှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular