ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပိတ်ဆို့အရေးယူရန် ကျောင်းသားသမဂ္ဂ ၂၃၆ ဖွဲ့ နိုင်ငံတကာ သို့ တောင်းဆို

နိုင်ငံတကာ အစိုးရတွေအနေနဲ့ အာဏာသိမ်းစစ်ကောင်စီအောက် ရောက်ရှိနေတဲ့ မြန်မာ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထားပိတ်ဆို့အရေးယူမှု ပြုလုပ်ဖို့ပြည်တွင်း ပြည်ပကျောင်းသားသမဂ္ဂ စုစုပေါင်း ၂၃၆ ဖွဲ့က ပူးပေါင်းတောင်းဆိုလိုက်ပါတယ်။

အဆိုပါ ပူးတွဲကြေညာချက်ကို အောက်တိုဘာ ၃၁ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တာဖြစ်ပြီး နိုင် ငံတကာ ကုမ္ပဏီတွေကနေ အကြမ်းဖက် တရားမဝင်စစ်အုပ်စုဆီ ငွေကြေးစီးဆင်းမှုတွေ လုံးဝရပ်တန့်စေဖို့နဲ့ မြန်မာနိုင်ငံကို ပေးချေရမယ့် ငွေတွေကို ဒီမိုကရေစီ ပြန်လည်ရရှိပြီး ပြည်သူ့အစိုးရ ပေါ်ပေါက်ချိန်ထိ ဘဏ်တခုမှာ ခေတ္တထိန်းသိမ်းပေးထားဖို့ စတာတွေလည်း ပါဝင်နေပါတယ်။

ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ အကြမ်းဖက်စစ်ကောင်စီဟာ နှစ်စဉ်အမေရိ ကန်ဒေါ်လာ သန်းထောင်ချီရရှိနေပြီး အဓိကဝင်ငွေရလမ်းတခုဖြစ်နေတာမို့ ဒါကို ပိတ်ဆို့ အရေးယူနိုင်ဖို့ ဖိအားပေးသွားဖို့ လိုအပ်နေတာ ဖြစ်ပါတယ်။

ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီတွေဖြစ်တဲ့ Total Energies  နဲ့ Chevron  တို့နဲ့အတူ အ မေရိကန်သမ္မတက တားဆီးပေးရေးအတွက်ပါ တောင်းဆိုမှုမှာတော့ မင်းအောင်လှိုင်နဲ့ သူရဲ့ အကြမ်းဖက်စစ်အုပ်စုထံကို ငွေကြေးလွှဲပြောင်းမှုဆက်မလုပ်ဖို့၊ ဒီငွေတွေနဲ့ စစ်အုပ်စုကို လူသတ်လက်နက်တွေတပ်ဆင်ပေးနေတာတွေရပ်တန့်ဖို့ ပြည်သူလူထုအားလုံး တောင်းဆိုဖိအားပေးကြဖို့အတွက် လက်မှတ်ထိုးကြဖို့ အားလုံးကို ဖိတ်ခေါ်ထားပါတယ်။

မြို့ရွာတွေကို မီးရှို့ဖျက်ဆီးပြီး ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို ပံ့ပိုးပေးနေတဲ့  Blood Money သွေးစွန်းငွေတွေ၊ ငွေကြေး‌ထောက်ပံ့မှုတွေ ရပ်တန့်စေရေး ရည်ရွယ်တဲ့ ကမ္ဘာလုံးဆိုင်ရာ သွေးစွန်းငွေဖြတ်တောက်ရေး ဆိုရှယ်မီဒီယာ ကမ်ပိန်းကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်က စတင်ကျင်းပနေပါတယ်။

ဒီလှုပ်ရှားမှုမှာ စစ်အုပ်စုကိုငွေကြေးအထောက်အပံ့ပေးနေတဲ့ Total၊ Chevron အပါအဝင် နိုင်ငံတကာကုမ္ပဏီကြီးတွေကို ဖိအားပေး တောင်းဆိုမှုတွေထပ်မံပြုလုပ်ဖို့၊ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ဖို့ တဦးချင်းစီပါဝင်ဖို့ စည်းရုံးဖိတ်ခေါ်ထားပါတယ်။

ဒါ့အပြင် သွေးစွန်းငွေဖြတ်တောက်ရေး လှုပ်ရှားမှုတွေအနေနဲ့ 'မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး' စာတန်းပါ ကြွေးကြော်သံတွေနဲ့ မြန်မာပြည်ထဲက မြို့တချို့မှာလည်း သပိတ်မှောက် ဆန္ဒပြမှုတွေ ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up