Wednesday, June 7, 2023
HomeLead Storyခင်ဦးမြို့နယ်တွင် စစ်တပ်က ဖမ်းဆီးသွားသည့် ရွာသားတစ်ဦး သေဆုံးလျက်တွေ့ရှိ

ခင်ဦးမြို့နယ်တွင် စစ်တပ်က ဖမ်းဆီးသွားသည့် ရွာသားတစ်ဦး သေဆုံးလျက်တွေ့ရှိ

အောက်တိုဘာ ၂၉ ရက်နေ့ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ယောက်သွားအိုင်ကျေးရွာ လူငယ်တစ်ဦး ပစ်သတ်ခံခဲ့ရပြီး အောက်တိုဘာ ၃၁ ရက် မနက်က အလောင်းတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတဦးက “ယောက်သွားအိုင်ကျေးရွာကို အောက်တိုဘာ ၂၉ ရက်နေ့ မနက်က ဆိုင်ကယ် ၁၈ စီးနဲ့လာပြီး စစ်အင်အား ၃၀ လောက်နဲ့ ဝင်စီးတယ်။ နေအိမ် ၄ လုံး ဖျက်ဆီးသွားပြီး အသက် ၂၁ နှစ်အရွယ် ကိုအောင်နိုင်ဦးကို ဖမ်းဆီးသွားတယ်။ ဒီနေ့မနက်မှ ရွာတောင်ဘက် ယာတောကြား ကန်ရိုးလမ်းမှာ ပစ်သတ်ထားခဲ့တဲ့ အလောင်းကတွေ့တာ” လို့‌ ပြောပါတယ်။

ခင်ဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်တပ်က နေ့စဉ် စီးနင်းတာတွေပြုလုပ်ပြီး ရွှေ ငွေ ပစ္စည်းတွေ ယူဆောင်နေတဲ့အပြင် ပစ်ခတ်မှုတွေပါ ပြုလုပ်နေတဲ့အတွက် ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ္။

ခင်ဦးမြို့နယ်အတွင်း အောက်တိုဘာ ၂၂ ရက်နဲ့ ၂၄ ရက်တွေမှာလည်း ဗအိုးရွာ၊ အင်းဘတ်ရွာနဲ့ ရွာသစ်ကုန်းရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်ရောက်စီးနင်းပြီး အပြစ်မဲ့ပြည်သူ ၅ ဦးကို ပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

RELATED ARTICLES
- Advertisment -
Google search engine

Most Popular