မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ မြို့နယ်ရုံး အောက်တိုဘာ ၃၁ ရက်နေ့ မနက်ပိုင်းက ဗုံးခွဲဖျက်ဆီးခံခဲ့ရတယ်လို့ NLD ပါတီနဲ့ နီးစပ်သူတွေက ပြောပါတယ်။
NLD ပါတီမြို့နယ်ရုံးကို အမည်မသိ လူတစ်စုက ဗုံးလာရောက် ပစ်သွင်းခဲ့ပြီး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့တာပါ။
ဗုံးပေါက်ကွဲမှုကြောင့် ပါတီရုံးမျက်နှာစာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဗီနိုင်း ပျက်စီးခဲ့ပြီး၊ အနီးနား ရပ်ထားတဲ့ ကား ၂ စီး အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်လို့ NLD ပါတီနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
မော်လမြိုင်မြို့နယ် NLD ပါတီ မြို့နယ်ရုံးဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက ပိတ်ထားခဲ့တာ ဖြစ်ပြီး NLD ပါတီရုံး ဗုံးပေါက်ကွဲမှုဟာ ပျူစောထီးအဖွဲ့ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာတော့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ကလည်း ကျိုက်ထို၊ ဘီးလင်းနဲ့ သထုံမြို့နယ်က NLD ပါတီ မြို့နယ်ရုံး ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။